Saturday, May 28, 2016

Xiaomiအသုံးပြုသူများအတွက်​ သိမှတ်​ဖွယ်​ရာများ

Xiaomi အသုံးပြုသူများအတွက် MIUI ROMs တွေရဲ့ မတူကွဲပြားခြားနားပုံတွေကို လွယ်လင့်တကူ နားလည်သိရှိနိုင်စေဖို့ရန်အတွက် ပို့စ်လေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။

 

#Stable‬ ROMs ဆိုတာ ???

Stable ROMs တွေကို MIUI Official Developers များက ပြုလုပ်ထားပါတယ်။ ပုံမှန်အားဖြင့် တစ်လတစ်ကြိမ် (သို့မဟုတ်) နှစ်လတစ်ကြိမ် (သို့မဟုတ်) အချိန်အတော်ကြာမှတစ်ကြိမ် (Bugs မရှိပါက) Update version ထုတ်လုပ်ပေးပါတယ်။
ဒါ့အပြင် Stable ROMs အများစုဟာ Bugs (Errors) အနည်းဆုံးသော ROMs တွေဖြစ်ကြပါတယ်။ အသုံးပြုသူ သင့်အနေနဲ့ Errors (Bugs) ကင်းတဲ့ Stable ဖြစ်တဲ့ ROMs ကိုသဘောကျသည်ဖြစ်စေ၊ New Features တွေကို ထွက်ထွက်ချင်း အသုံးမပြု (မစမ်းချင်သူ) လိုသည်ဖြစ်စေ Stable ROMs ကို အသုံးပြုနိုင်ပါတယ်။

Stable ROMs တွေရဲ့ Version တွေကို ယခုလိုခွဲခြားလို့ရပါတယ်။ ( ဥပမာ - MIUI 7 stable version is V7.X.X.0 XXXXXXX ဆိုကြပါစို့။ v7 ကတော့ MIUI ရဲ့ Main version ကိုဆိုလိုပါတယ်။ ဒုတိယမြောက် X.X ကတော့ MIUI version number ကိုဆိုလိုပါတယ်။ နောက်ဆုံးက XXXXXXX တွေကတော့ ROMs ရဲ့ Country code နဲ့ Android Version ကို ဆိုလိုခြင်းဖြစ်ပါတယ်။
MIUI Official Stable ROMs တွေကို ဒီ Links ကနေ Download ရယူနိုင်ပါတယ် >en.miui.com/download.html

******************************************

‪#‎Developer‬ ROMs ဆိုတာ ???

Developer ROMs တွေကို MIUI Official Developers များကပဲ ပြုလုပ်ထားပါတယ်။ ထို့အတူ Developer ROMs တွေမှာတော့ ပုံမှန် တစ်ပတ်လျှင်တစ်ကြိမ် Update version ထုတ်ပေးပါတယ်။
ပုံမှန်ထုတ်ပေးနေတဲ့ Update version တွေရဲ့ changelogs တွေ၊ changelog preview တွေကိုလည်း MIUI Official Forum မှာ တွေ့နိုင်/ ဖတ်နိုင်ပါတယ်။ Developer ROMs တွေမှာ အပတ်စဉ် တစ်ပတ်တစ်ကြိမ် Update ထုတ်ပေးတာနဲ့အတူ New features တွေ ပါဝင်လာပေမယ့် Errors (Bugs) တွေကတော့ ရှိပါလိမ့်မယ်။ ၄င်း Bugs တွေကို ပြန်လည်ပြင်ဆင်ပြီးမှသာ Stable ROMs တွေမှာ ၄င်း New features တွေကို ထည့်ပါတယ်။ 

 

အလွယ်ပြောရရင် Developer ROMs ဆိုတာ အသစ်အသစ်သော Features တွေကို သိလိုသူ၊ ကလိချင်သူ၊ စမ်းသပ်ချင်သူတွေအတွက်သာဖြစ်ပါတယ်။ ဒါပေမယ့် Error (Bugs) တွေကိုတော့ မလွဲဧကန်ကြုံတွေ့ရမှာပါပဲ။ ဒါကြောင့် Xiaomi ဖုန်းတစ်လုံးတည်းသာ အသုံးပြုသူများအတွက် (Normal User Level) များအတွက် Developer ROMs အသုံးပြုဖို့အတွက် အကြံမပြုလိုပါဘူး။

Developer တွေရဲ့ Version တွေကို ယခုလိုခွဲခြားလို့ရပါတယ်။ ( ဥပမာ - Redmi Note 3 Pro/ kenzo_images_6.4.9 ဆိုပါစို့ ဒါကို kenzo_images_x.y.z လို့သတ်မှတ်ကြည့်ရအောင်၊ X ဆိုတာ ၄င်း ROMs ထုတ်လုပ်တဲ့ ခုနှစ်သက္ကရာဇ်ကို ဖော်ပြတာပါ၊ 6 ဆိုတော့ 2016 ကို ရည်ညွှန်းပါတယ်။ y ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့ လ ကိုပြောချင်တာပါ၊ 4 ဆိုတော့ April လကို ရည်ညွှန်းပါတယ်။ z ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့နေ့ရက်ကို ဆိုလိုတာပါ၊ 9 ဆိုတော့ 9 ရက်နေ့ကို ရည်ညွှန်းပါတယ်။ Developer ROMs တွေမှာဆိုရင် Update version တွေအတွက် Full ROMs တစ်ခုလုံးကို Download လုပ်နိုင်သလို၊ Incremental ROMs pack ဆိုပြီး လိုအပ်တဲ့ ROMs version သီးသန့်အတွက် (update pack) သက်သက် Download လုပ်ပြီး တင်နိုင်ပါတယ်။

MIUI Official Developer ROMs တွေကို ဒီ Links ကနေ Download ရယူနိုင်ပါတယ် >en.miui.com/download.html

*******************************************

‪#‎Ported‬ ROMs ဆိုတာ ???

Ported ROMs တွေကို UnOfficial Developers တွေနဲ့ Third-party Developers တွေကနေ ပြုလုပ်ကြပါတယ်။ များသောအားဖြင့် Ported ROMs တွေဟာ MIUI Developer ROMs တွေအပေါ်မှာ အခြေခံပြီး ပြုလုပ်ကြပါတယ်။ MIUI Ported ROMs တွေမှာလည်းပဲ Developer ROMs တွေကဲ့သို့လိုပဲ Version တွေကို ယခုလိုခွဲခြားလို့ရပါတယ်။ ( ဥပမာ - Samsung Galaxy Note 3/ n9005_4.9.26 ဆိုပါစို့ ဒါကို n9005_x.y.z လို့သတ်မှတ်ကြည့်ရအောင်၊ X ဆိုတာ ၄င်း ROMs ထုတ်လုပ်တဲ့ ခုနှစ်သက္ကရာဇ်ကို ဖော်ပြတာပါ၊ 4 ဆိုတော့ 2014 ကို ရည်ညွှန်းပါတယ်။ y ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့ လ ကိုပြောချင်တာပါ၊ 9 ဆိုတော့ September လကို ရည်ညွှန်းပါတယ်။ z ဆိုတာက ၄င်း ROMs ထုတ်လုပ်တဲ့နေ့ရက်ကို ဆိုလိုတာပါ၊ 26 ဆိုတော့ 26 ရက်နေ့ကို ရည်ညွှန်းပါတယ်။ 

 

များသောအားဖြင့် Ported ROMs တွေဟာ MIUI Developer ROMs တွေပေါ်မှာ အခြေခံထားတာဖြစ်ပြီး ၄င်း Developer ROMs ဟာ Ported ROMs ထုတ်ပေးတဲ့ ဖုန်းအတွက် ထုတ်လုပ်ပေးထားတာမဟုတ်တဲ့အတွက် Developer ROMs တွေထက် Error (Bugs) တွေ ပိုမိုများပြားပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ Ported ROMs အတွက် Bugs Solved ပြုလုပ်ဖို့အတွက် Ported ROMs ထုတ်လုပ်ပေးတဲ့ Porter ကို ဆက်သွယ်မှသာရပါလိမ့်မယ်။
အချို့သော Ported ROMs တွေမှာ MIUI Developer ROMs တွေလိုမျိုးပဲ Update version တွေအလိုက် Incremental ROMs pack (update pack) လေးတွေထုတ်ပေးတာတွေ့ရပါတယ်။
MIUI Ported UnOfficial ROMs တွေကို ဒီ Links တွေကနေ Download ရယူနိုင်ပါတယ် >http://en.miui.com/thread-4717-1-1.html ||| http://en.miui.com/thread-7898-1-1.html
 

*******************************************

China ROMs နှင့် Global ROMs ရဲ့ကွာခြားပုံ

Xiaomi ဖုန်းအသုံးပြုတဲ့သူတွေဟာ မကြာခဏဆိုသလိုပဲ သူတို့ရဲ့ Devices မှာထည့်ထားတဲ့ MIUI China Build version နဲ့ Devices Hardware နဲ့ Software တွေဟာ ကိုက်ညီမှုရှိရဲ့လား၊ လုံခြုံမှုရှိရဲ့လားဆိုတာကို စိတ်ရှုတ်ထွေးနေကြတာတွေရှိကြပါတယ်။
တကယ်တော့ ဒါဟာ စိုးရိမ်စရာကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ China Build MIUI တွေဟာ Global Build MIUI တွေလိုပဲ သင့်ရဲ့ Devices ကို ကောင်းမွန်တင့်တယ်စေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ China MIUI နဲ့ Global MIUI တို့ရဲ့ ကွဲပြားပုံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

*******************************************

‪#‎China‬ Build MIUI ဆိုတာ ???

China Build MIUI တွေမှာဆိုရင် Google Apps တွေ Google Services (GApps) တွေ မပါရှိပါဘူး။ Language အနေနဲ့ Chinese Language နှစ်ခုနဲ့ English Language ဆိုပြီး (၃) ခုပါဝင်ပါတယ်။ ဒါ့အပြင် China Build MIUI တွေမှာ Chinese Apps တွေနဲ့ Chinese Services တွေ ပါဝင်တဲ့အတွက် Storage Space ကို သက်သက်နေရာပိုစေတာတွေ့ရပါတယ်။ များသောအားဖြင့် Chinese Apps တွေက Chinese လူမျိုးတွေအတွက်တော့ အလွန်အသုံးတည့်တဲ့ Apps တွေဖြစ်ပြီး၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ သုံးဖို့အဆင်မပြေတဲ့ Apps တွေများပါတယ်။ China Build MIUI ROMs တွေမှာ Google Apps မပါဘူးဆိုပေမယ့် Google Service Frameworks, Google Account Manager, Google Play Services နဲ့ အခြားသော မိမိအတွက်လိုအပ်သည့် Google Apps တွေကို ထည့်သွင်းအသုံးပြုလို့ရပါတယ်။

*******************************************

‪#‎Globle‬ Build MIUI ဆိုတာ ???

Global Build MIUI တွေကတော့ MIUI Users အများစု ကြိုက်နှစ်သက်တဲ့ ROMs ပဲဖြစ်ပါတယ်။ ဘာလို့ဆိုတော့ သူက Chinese Apps တွေမပါရှိပဲ Google Apps တွေ တစ်ခါတည်းပါပြီးသားဖြစ်ပါတယ်။ တစ်ခုရှိတာက Global Build ROMs တွေဟာ China Build ROMs တွေ Update ထွက်ပြီးမှသာ Global Build ROMs တွေထုတ်ပေးလေ့ရှိပါတယ်။ 

ဒါ့အပြင် Global Build ROMs တွေဟာ ပုံမှန်အားဖြင့် English Language နဲ့လာတဲ့အပြင် အခြားသော Languages တွေလည်း Multilanguages အနေနဲ့ ပါဝင်ပြီးသားဖြစ်ပါတယ်။ Global Build ROMs တွေဟာ Xiaomi MIUI ရဲ့ Online Music တို့ Xunlei Download Accelerator ကဲ့သို့လိုမျိုး အချို့ Features တွေမပါဝင်ပါဘူး။ ဒီအတွက်လည်း Storage ကို အနည်းနဲ့အများ သက်သာစေတာတွေ့ရပါတယ်။ အရင်ကတော့ Global Build ROMs တွေဟာ Stable ROMs တစ်မျိုးတည်းအတွက်သာ ထုတ်လုပ်ပေးတာဖြစ်ပြီး Redmi 1S ကနေစပြီးတော့ Global Build Developer ROMs တွေကို ထုတ်လုပ်ပေးထားပြီဖြစ်ပါတယ်။

*******************************************

Recovery ROM နှင့် Fastboot ROM ကွာခြားပုံ
================================

‪#‎Recovery‬ ROM ဆိုတာ ???

Recovery ROMs တွေဟာ *.zip format နဲ့လာပါတယ်။ Recovery ROMs တွေကို များသေားအားဖြင့် သင်လက်ရှိအသုံးပြုလျက်ရှိတဲ့ ROM ကို Flash လုပ်ဖို့၊ Update တင်ဖို့အတွက် အသုံးပြုကြပါတယ်။ Recovery ROM ကို နည်းလမ်းနှစ်မျိုးဖြင့် တင်နိုင်ပါတယ်။ ပထမတစ်နည်းကတော့ Xiaomi MIUI ရဲ့ Updater Apps ကနေတစ်ဆင့် တင်ခြင်းဖြစ်ပြီး၊ ဒုတိယတစ်နည်းကတော့ Mi Stock Recovery ဒါမှမဟုတ် Custom Recoveries (Such as TWRP) တွေကနေ တင်နိုင်ပါတယ်။ Updater Apps ကနေ MIUI Recovery ROMs ကိုတင်တာကတော့ လွယ်ကူရိုးရှင်းတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သက်ဆိုင်ရာ Recovery ROM.zip ကို ဖုန်းရဲ့ Storage တစ်ခုခုအောက်မှာထားပါ။ ထို့နောက် Updater Apps ကို ဖွင့်ပါ။ ပြီးရင် အပေါ်ဘက်ညာဘက်ထိပ်မှာ Menu Button (အချောင်းလေးသုံးခု) ကိုနှိပ်ပါ။ Choose Update Package ကိုနှိပ်ပါ။ ပြီးရင် Recovery ROM.zip ကိုရွေးပေးလိုက်ရုံပါပဲခင်ဗျာ။

Mi Stock Recovery (or) other Recoveries တွေကနေ Recovery ROMs ကို Flash လုပ်တာလည်း ထို့နည်းတူပါပဲ။ ရိုးရိုးရှင်းရှင်းလေးပါ။ ဒါပေမယ့် ဒီနည်းမှာကတော့ Recovery ROM.zip ကို ကြိုက်နှစ်သက်ရာနေရာထားလို့မရပါဘူး။ ဖုန်း Internal Storage ရဲ့ Root Folder အောက်မှာ ထားမှရပါမယ်။ ပြီးရင်တော့ Recovery Mode သို့ဝင်ပြီး Install update.zip to System 1 ကိုရွေးပြီး Flash လုပ်ရုံပဲဖြစ်ပါတယ်။ Recovery Mode ၀င်ဖို့ နည်းလမ်းနှစ်ခုရှိပါတယ်။ ပထမတစ်နည်းကတော့ ဖုန်းကို Power Off လုပ်ပါ။ Vol + နှင့် Power တွဲပြီး ကြာကြာဖိနှိပ်ပြီး ၀င်နိုင်ပါတယ်။ ဒုတိယတစ်နည်းကတော့ Updater Apps ကို ဖွင့်ပါ။ ညာဘက်အပေါ်ထောင့်က Menu Button ကိုနှိပ်ပါ။ Reboot to Recovery Mode ကို နှိပ်ပြီးလည်း Recovery Mode သို့ဝင်နိုင်ပါတယ်။ ( မှတ်ချက် : Recovery Mode သည် Bootloader Locked ဖြင့်လာသော Devices များတွင် အဆိုပါနည်းလမ်းများဖြင့် Bootloader Unlocked မလုပ်ပါပဲ ၀င်လို့မရပါ )

*******************************************

‪#‎Fastboot‬ ROM ဆိုတာ ???
Fastboot ROMs တွေဟာ *.tgz format နဲ့လာပါတယ်။ Fastboot ROMs တွေကို မည်သည့်ပုံစံဖြင့်မဆို Xiaomi ဖုန်းများတွင် အသုံးပြုနိုင်ပြီး များသောအားဖြင့် Fastboot ROMs ကို Service Technicians တွေနဲ့ ဖုန်းကောင်းကောင်း ကလိတတ်သူတွေ အသုံးပြုနိုင်ကြပါတယ်။ Fastboot ROMs အသုံးပြုဖို့ PC (Personal Computer) ဖြင့်သာ ဆောင်ရွက်နိုင်ပါတယ်။ တွဲဖက်အသုံးပြုမယ့် PC မှာ Fastboot သိရပါမယ်။ ထို့အတူ Fastboot ROMs ကို သက်ဆိုင်ရာ Devices မှာ Flash လုပ်ပေးနိုင်တဲ့ Flash tools တွေလိုအပ်ပါတယ်။ Official အနေနဲ့ MiFlash (or) Mi PC Suite တို့ကို အသုံးပြုနိုင်ပါတယ်။

 

 Flash tools နဲ့အသုံးပြုဖို့အတွက် သင့်ဖုန်းကို Fastboot Mode (or) Qualcomm Mode (or) Download Mode များဖြင့် တင်နိုင်ပါတယ်။ Fastboot Mode ၀င်ဖို့အတွက် ဖုန်းကို Power Off လုပ်ပါ။ Power Button + Vol - တွဲနှိပ်ပြီး Fastboot Mode ၀င်နိုင်ပါတယ်။ Fastboot ROMs ရဲ့ *.tgz ကို ဖြည်လိုက်မယ်ဆိုရင် Fastboot Script file တွေနဲ့ Image file တွေပါဝင်ပါတယ်။ ဒါ့အပြင် Fastboot ROMs script တွေဟာ Windows version အတွက် *.bat ဖြင့်သော်လည်းကောင်း၊ Linux version အတွက် *.sh ဖြင့်သော်လည်းကောင်း ပါရှိပါတယ်။

ဒီပို့စ်ဟာ မတူကွဲပြားတဲ့ ROMs တွေအကြောင်းရှင်းလင်းတဲ့ပို့စ်ဖြစ်တဲ့အတွက် Fastboot ROMs အသုံးပြုပုံကို နောက်ထပ်ပို့စ်တစ်ခုဖြင့် တင်ပေးပါ့မယ်။ Fastboot ROMs တွေနဲ့ အခြား ROMs တွေအကြောင်းကို ဒီ Links မှာ လေ့လာသိရှိရယူနိုင်ပါတယ် > http://en.miui.com/a-234.html

Myanmar Xiaomi Fans

Apkအလန်းများစုစည်းမှု

apk အလန်းတွေကိုမှသုံးချင်ပါတယ်ဆိုတဲ့
ညီကိုများအတွက်
ဖေ့ဘုတ်နဲ့ဆော့ဝဲများဆိုင်ရာနည်းပညာ
ဖြစ်တဲ့ကျွန်တော်ဆိုက်လေးကစုဆီးလိုက်တဲ့
apk များစုဆီးမှု
=====================
၁ !! ပုံပြသြကာသ apk -Download
၂ !! ဖုန်းအအေးပေးဆက် apk-Download
၃ !! ဖုန်းရဲ့မျက်နှာပြင်မှာအသဲပုံလေးနဲ့
သော့ခပ်လို့ရမဲ့ apk -Download
၎ !! ဖုန်းထဲကစာအုပ်တွေဖတ်မရတဲ့
ညီကိုတွေအတွက်စာအုပ်ဖတ်မဲ့ apk -Download
၅ !! ပုံတွေကိုစုပြီး apk ပြု့လုပ်ချင်သူတွေအတွက်
ပြု့လုပ်လို့ရမဲ့ apk -Download
၆ !! Root မလိုပဲဖုန်းဘားပေါ်မှာ
စာရေးလို့ရမဲ့ apk-Download
၇ !! Line apk -Download
၈ !! Viber မှပိုက်ဆံပေးဒေါင်းရမဲ့
ပုံလေးတွေကို Free ခိုးဒေါင်းပေးမဲ့ apk -Download
၉ !! အင်္ဂလိပ်စာမမကြင်လယ်တဲ့
ညီကိုတွေအတွက်ဘာသာပြန်ပေးမဲ့
မင်းနင်း apk -Download
၁၀ !! မန်ယူချစ်သူများအတွက်မန်ယူ
Facebook apk -Download
၁၁ !! တစ်ဘက်ကလူမသိအောင်ခိုးပြီး
Video ရိုက်လို့ရမဲ့ apk -Download
၁၂ !! မိမိဖုန်းကိုဘယ်သူခိုးဖွင့်လဲဆိုတာကို
ဖန်းပေးမဲ့သူခို့ဖန်း apk -Download
၁၃ !! ဖုန်းထဲမှာမြန်မာစာအလှလေးတွေလိုချင်ပါတယ်ဆိုတဲ့ညီကိုတွေအတွက်
apk -Download
၁၄ !! ဖုန်းတစ်လုံးထဲမှာ viber နှစ်ခုသုံးလို့ရမဲ့
apk -Download
၁၅ !! မိမိချစ်သူဖုန်းဘယ်နေရာရောက်နေလဲ
ဆိုတာကြည့်လို့ရမဲ့ apk -Download
၁၆ !! ဖုန်းထဲမှာ talk မရှိသေးသူများအတွက်
Talk apk -Download
၁၇ !! ပိုက်ဆံပေးပြီးဝယ်ရမဲ့ apk များကို
Free ခိုးဒေါင်းလို့ရမဲ့ apk-Download
၁၈ !! တစ်ဘက်က WiFi ကိုအလွယ်လေး
ဟက်လို့ရမဲ့ apk-Download
၁၉ !! apk များကို sd ကဒ်သို့
အလွယ်တစ်ကူပြောင်းလို့ရမဲ့ apk-Download
၂၀ !! လူကြီးမိဘတွေမသိအောင်ချစ်သူစီကို
လျှို့ဝှက်စာရေးလို့ရမဲ့ apk -Download

Credit""

Blogနည်းပညာစာအုပ်​များ

Blogနဲ့ဆိုင်​တဲ့စာအုပ်​များ

BLOGS မှာ POST တင်နည်း
Download

ဘလော့ကိုအလွယ်ဆုံးပြုပြင်နည်း
Download

Blogs မှာ LABELS  ထည့်နည်း  LINK ချိတ်နည်းအပြည့်အစု
Download

Template ဒေါင်းယူနည်း နှင့်  Template သွင်းနည်း
Download

BLOGSPOT ရဲ့ TEMPLATE တွေကို အလွယ်ဆုံးပြုပြင်နည်း
Download

How To Invite Author & How To Accept ( Blogging )
Download

BLOGS မှာအလွယ်ကူဆုံး MUSIC PLAYER ထည့်နည်း
Download

How To Creat Apk For Your Website 0r Blogs
Download

How To Do Your Blog Import-Export-Delete
Download

How To Do Your Web-Blogs Page Speed Faster
Download

ဘလော့ကာတစ်ယောက်အတွက် သိသင့်စရာထွေထွေရာရာ
Download

ဘလော့မှာ Chat Roll အလန်းစားလေး နဲ့ ချက်ဘောက်ဖန်တီးကြမယ်
Download

မိမိတို့ဘလော့မှာ  Power by Blogger  ဆိုတာကိုဖြုတ်နည်း
Download

Credit-anonymous

Profile Stalkers

ကိုယ့်ရဲ့ facebook profile ကို ဘယ်သူဝင်ကြည့်လဲ ကိုယ့်ကို ဘယ်သူ crush နေလဲဆိုတာ သိချင်ပါသလား
သိချင်တယ်ဆိုရင်တော့ Profile Stalkers လေးကို အသုံးပြုလိုက်ပါ
ဒီ apk လေးကတော့ မိမိတို့ facebook profile ကို ဝင်ကြည့်တဲ့ သူတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်

Profile Stalkers :
Do you really want to know who views my profile most ?
Let's find facebook profile stalkers. With this app You will get Profile stalkers in one list. Application is for entertainment use only. You will get list of people who have crush on you or your profile visitors.
I know Application is very interesting and may be you are so excited to use this app. Install app now Result may amaze you.
You will get real Facebook Profile stalkers.
Thanks,

What's New
IAP bug fixed,

Size : 4.2MB
Version : 1.1
Requires : Android 4.1 and up
Credit

Download

FotMob v31.16

FotMob v31.16
FotMob ဆိုတဲ့ application လေးကတော့ ဘောလုံးပွဲကြိုက်တဲ့ သူတွေအတွက် ဖန်တီးပေးထားတဲ့ apk လေးဖြစ်ပါတယ်
ဒီ apk လေးကနေပြီး League အသီးသီးရဲ့ ကစားမဲ့ ပွဲစဉ်အချိန် အမှတ်ပေးဇယား စတာတွေအပြင် အသင်းတစ်သင်းရဲ့ တစ်နှစ်ပတ်လုံးမှာ ကစားကြမဲ့ ပွဲစဉ်တွေကိုလည်း ကြည့်ရှုနိုင်ပါတယ်
ဘောလုံးပွဲစဖို့ နာရီဝက်လောက် အလိုမှာဆိုရင် အသင်းမှာ ပါဝင်ကစားကြမဲ့ လူစာရင်း လောင်းကြေး စတာတွေကိုလည်း ကြည့်ရှုနိုင်သလို ဘောလုံးပွဲပြီးသွာတဲ့ အခါမှာလည်း ဒီပွဲစဉ်ရဲ့ ဘောလုံးပိုင်ဆိုင်မှု ဖောင်းဘော အဝါကဒ် ထောင့်ကန်ဘော အစရှိတာတွေကိုလည်း အသေးစိတ်ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်
ဒါတွေမကသေးပါဘူး League တစ်ခုချင်းစီမှာ  ဂိုးသွင်းထားတဲ့ ကစားသမားတွေရဲ့ အမည်စာရင်းတွေအပြင် ဘောလုံးလောကရဲ့ သတင်းတွေကိုလည်း တစ်နေရာထဲမှာ သိနိုင်အောင် ပြုလုပ်ပေးထားပါတယ်
ကမ္ဘာ အရပ်ရပ်က ဘောလုံးပွဲ League ပေါင်းများစွာကို support ပေးထားတဲ့ အတွက်ကြောင့် ဘောလုံးပွဲကြိုက်တဲ့ သူတွေအနေနဲ့ ဒီ application လေးကို ဖုန်းထဲမှာ ထည့်ထားသင့်ပါတယ်

The #1 football app offering real time scores, news and breaking news notifications from your favorite teams.
FotMob covers Premier League, Championship, League 1&2, National North&South, La Liga, Bundesliga, Champions League and all the major leagues and tournaments in the world, over 200 leagues in total!Over10,000,000people already installed FotMob. Join them now and experience:
✔ Livescores with the fastest updates available
✔ Match stats (lineup, stats, goals, cards, penalties, missed penalties, assists and substitutions)
✔ Tables
✔ Fixtures
✔ News and top news notifications from all the major clubs
✔ Top scorers and top assists
✔ And much more!

Some leagues we cover:
★ Premier League
★ Championship
★ League 1 & 2
★ Conference
★ Eredivisie
★ Bundesliga
★ 2. & 3. Bundesliga
★ Serie A
★ Serie B
★ La Liga (Liga BBVA)
★ MLS (Major League Soccer)
★ Europa League
★ Champions League
★ World Cup 2018
★ Ligue 1 & Ligue 2
★ Mexican league
★ Scottish Premier League
★ Allsvenskan
★ Superettan
★ Tippeligaen
★ Adeccoligaen
★ and most other

What's New
- Added a "Did you know?" section to the most popular leagues
- Various bug fixes

Size : 14.6MB
Version : 31.16
Requires : Android 4.0.3 and up

Download

Credit-
တိုးတိုး(လွိုင်​​ကော်​)သို့သွားချင်​ရင်

Web Hosting Server တစ်ခု မရွေးချယ်ခင

Web Hosting Server တစ်ခု မရွေးချယ်ခင်

ကျွန်တော်တို့ web site ကို internet ပေါ် ရောက်ဖို့ဆိုရင် web hosting service တစ်ခု လိုပါလိမ့်မယ်။

Web hosting တွေဟာ သူတို့မှာ ပါဝင်တဲ့ feature တွေပေါ်မူတည်ပြီး free hosting တွေကနေပြီးတော့ ဈေးအရမ်းကြီးတဲ့ business hosting တွေထိရှိကြပါတယ်။

ဘယ် option တွေကို ရွေးရမယ် ဆိုတာကတော့ ကိုယ့်ရဲ့ web site ကို ဘယ်လို အသုံးပြုဖို့ ရည်ရွယ်ထားတယ်၊ ငွေ ဘယ်လောက် သုံးမလဲ ဆိုတာတွေပေါ် အများကြီး မူတည်ပါတယ်။

ကျွန်တော်တို့ hosting တစ်ခု ရွေးတော့မယ်ဆိုရင် အဓိက ဘယ်အချက်တွေကို ကြည့်သလဲဆိုတာကို share ပေးချင်ပါတယ်။

၁။ လိုအပ်ချက်ကို စစ်ဆေးပါ

အရေးကြီးဆုံးအချက်ပါ။
လူတိုင်းက feature အများဆုံး၊ storage အများဆုံး၊ bandwidth အကောင်းဆုံး hosting ကို ပိုင်ဆိုင်ချင်ကြပေမယ့် အကောင်းဆုံးသောအရာတွေဟာ ဈေးအကြီးဆုံးတွေဖြစ်ပါလိမ့်မယ်။

ဥပမာ ကိုယ် 100 MB disk space လောက်နဲ့ ရိုးရိုး static page လောက်ဘဲ တင်ချင်တယ်ဆိုရင်တော့ ဈေးသက်သာပြီး basic feature တွေဘဲပါတဲ့ linux web hosting server တွေကိုရှာသင့်ပါတယ်။

တစ်ကယ်လို့သာ နောက်ဆုံး ASP.Net 4.0 အသုံးပြုမယ်၊ MS SQL Server 2012 သုံးမယ် ဆိုရင် တော့ ASP.Net 4.0 နဲ့ MS SQL Server 2012 ရမယ့် Windows hosting server တွေကိုရွေးသင့်ပါတယ်။

၂။ Disk space/Storage

Storage ကတော့ hosting service တစ်ခုကို ရွေးချယ်ရာမှာ အခြေခံအကျဆုံး အချက်ပါ။ ကိုယ့်ရဲ့ web site ဟာ company ဒါမှမဟုတ် ကိုယ်ရဲ့ အကြောင်း လောက်ပဲ ဖော်ပြရုံ ပုံ+စာ စာမျက်နာ ၁၀ မျက်နာ လောက်ဘဲ ရှိတယ်ဆိုရင် MB အနည်းငယ်လောက်က လုံလောက်ပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ unlimited disk space package ကိုရွေးသင့်ပါတယ်။ ဒါပေမယ့် အဲဒီ package က ဈေးအနည်းငယ် များသွားစေပါလိမ့်မယ်။

၃။ Bandwidth

Bandwidth ဆိုတာကတော့ ကိုယ့်ရဲ့ hosting provider ကနေ တစ်လအတွင်း user တွေကို ခွင့်ပြုတဲ့ download နဲ့ upload ပမာဏ ကိုပြောတာပါ။ ဥပမာ ကိုယ့် web site ဟာ user တွေကို audio, video နဲ့ photo တွေ ကို download/upload လုပ်ခွင့် ပေးတဲ့ blog web site တစ်ခု ဖြစ်မယ်ဆိုပါစို့။ ကိုယ့်ရဲ့ hosting provider က 50GB bandwidth ပေးထားတယ်ဆိုရင် တစ်လအတွင်းမှာ စုစုပေါင်း 50GB ထက်ကျော်ပြီး download/upload လုပ် လို့မရပါဘူး။ ပုံမှန်အားဖြင့် ဈေးချိုတဲ့ hosting service တွေမှာ အဲဒီ ပြသနာရှိပါဘယ်။

၎။ Domains / Subdomains အရေအတွက်

Domain name ဆိုတာကတော့ mistinemyanmar.com, facebook.com, google.com တို့ကိုဆိုလိုတာပါ။

Subdomain ဆိုတာကတော့ jobs.mistinemyanmar.com, play.google.com လိုမျိုးကိုပြောတာပါ။

တစ်ချို့နေရာတွေမှာ ကိုယ့် web site ဟာ subdomain တွေကို ညွှန်းတာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ့် web site က domain နဲ့ subdomain တွေဘယ်လောက်လိုအပ်လဲ hosting provider ကဘယ်လောက် support ပေးလဲဆိုတာတွေကို စစ်ဆေးဖို့ လိုပါမယ်။ ဈေးချိုတဲ့ hosting provider တွေမှာတော့ domain နဲ့ subdomain အရေအတွက်ကို ကန့်သက်ထားတာလေးတွေရှိပါတယ်။

၅။ Email Accounts

Email account ကတော့ အဲဒီ hosting မှာ ရှိတဲ့ ကိုယ့်ရဲ့ domain name ကို အသုံးပြုပြီး create လုပ်ထားတဲ့ email account တွေကိုပြောတာပါ။

ဥပမာ it@mistinemyanmar.com, hr@mistinemyanmar.com စသည်ဖြင့်ပေါ့။ တစ်ချို့ hosting provider တွေကတော့ email account ဘယ်နှစ်ခုဘဲ create လုပ်ခွင့်ရှိတယ်ဆိုတာကို ကန့်ထားတက်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ domain ကိုသုံးပြီး email account တွေကို unlimited create လုပ်ချင်ရင် unlimited email account package မျိုးကို ရွေးသင့်ပါတယ်။

၆။ Control Panel

ကိုယ့် web hosting မှာ control panel ပါလားဆိုတာ သတိထားစေချင်ပါတယ်။ Control panel ဟာ web master site တစ်ခုပါဘဲ။ အဲဒီမှာ available disk space တွေ၊ bandwidth တွေ စစ်ဆေးလို့ ရသလို FTP account တွေ၊ Email account တွေ၊ subdomain တွေ၊ database တွေ create လုပ်လို့ရပါတယ်။

ရ။ Development Features

ကိုယ့်ရဲ့ web site ဟာ PHP 5 နဲ့ My SQL 5 database ကို သုံးထားမယ်ဆိုရင် web hosting က PHP 5 နဲ့ My SQL 5 ကို support လုပ်တဲ့ hosting ကို ရွေးချယ်ရပါမယ်။ Flash သုံးမယ်ဆိုရင် Flash support လုပ်မလုပ်ပါ စစ်ဆေးရပါမယ်။

ASP.Net 4 နဲ့ MS SQL Server 2012 ကို သုံးမယ်ဆိုရင်တော့ ASP.Net 4 နဲ့ MS SQL Server 2012 ကို support လုပ်တဲ့ hosting မျိုးကို ရှာရပါမယ်။

PHP နဲ့ My SQL ကိုဘဲ သုံးမယ်ဆိုရင်တော့ PHP Linux hosting တွေရှိပါတယ်။ ဈေးလည်းသက်သာပါတယ်။

ASP.Net နဲ့ MS SQL Server database တွေ သုံးရင်တော့ ASP.Net Windows hosting တွေရှိပါတယ်။ ဈေးနည်းနည်း ကြီးပါတယ်။

များသောအားဖြင့် ASP.Net Windows hosting တွေမှာ PHP တို့ My SQL တို့ Ruby တို့ အစုံရတာများပါတယ်။

MS SQL Server ကို တော့ hosting provider တော်တော်များများမှာ number of database ဒါမှမဟုတ် size of database နဲ့ ကန့်သက်ထားတာလေးတွေရှိပါတယ်။

ကိုယ့်ရဲ့ data တွေပေါ်မူတည်ပြီး သတိထားရမယ့် အချက်ပါ။

ကျွန်တော် အကြိုက်ဆုံး ASP.Net windows hosting တွေကတော့

1.WWM (http://www.worldwidemyanmar.com/) (မြန်မာလိုစုံစမ်းမေးမြန်းလို့ရပါတယ်)

2. Arvixe (http://www.arvixe.com/)
ဈေးအသင့်အတင့်ရှိပြီး Feature တော်တော်စုံပါတယ်။

3. discountASP (http://www.discountasp.net/)
ဈေးနည်းနည်းများပါတယ်။ Latest Microsoft development tools တွေသုံးမယ်ဆိုရင်တော့ အကောင်းဆုံးပါဘဲ။

Credit :  Ko San Lin Htet

Android ဖုန်းတွေမှာ အဖြစ်များတဲ့ Google Playstore Error Code များနဲ့ ဖြေရှင်းနည်းများ

Android ဖုန်းတွေမှာ အဖြစ်များတဲ့ Google Playstore Error Code များနဲ့ ဖြေရှင်းနည်းများ
****************************************************************

ကိုယ်က Playstore က appliction ၁ခု download လုပ်တဲ့အချိန် Error message တွေ ကျလာပြီး Download လုပ်လို့မရတဲ့ အဖြစ်မျိုး စိတ်ပျက်စရာကောင်းပါတယ်

ဒီလိုအဖြစ်မျိုးဖြစ်ရင်အောက်က Error Code နဲ့တိုက်ပြီး ဖြေရှင်းနည်းအတိုင်းဖြေရှင်းနိုင်ပါတယ်။

1.   Google Playstore Error DF-BPA-09 (Error Processing Purchase)
***************************************************

ဒီErrorက applicationတခုကိုDownload လုပ်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။

ဖြေရှင်းနည်း ။ ။ ဖုန်း Settings > Application > All > Google Service Framework > Clear Data လုပ်ပေးလိုက်ပါ။ အဆင်ပြေပါစေ...

********************************************************

2.   Google Play Store Error Code 194
**********************************

ဒီErrorကလဲGameတို့ Application တို့download လုပ်တဲ့ အချိန်အဖြစ်များပါတယ်။

ဖြေရှင်းနည်း ။ ။ ဖုန်း Settings > Applications > All > Google Play Store > Force Stop ပြီးရင် Clear Data လုပ်ပါ။

ပြီးရင်Google Service Framework > Clear Dataလုပ်လိုက်ပါ။အဆင်ပြေပါစေ...

********************************************************

4.   Google Play Store Error Code 941
********************************

ဒီ Errorက Google Playstore ကို update လုပ်နေစဉ်နဲ့ လုပ်ပြီးအဖြစ်များပါတယ်

ဖြေရှင်းနည်း ။ ။ ဖုန်းSettings > Apps > All > Google Playstore နဲ့ Download Manager ကို Clear Data and Clear Cacheလုပ်ပြီး မှ Update ပြန်လုပ်ကြည့်ပါ။အဆင်ပြေပါစေ....

********************************************************

5.   Google Play Store Error Code rh01
****************************************

ဒီ Error ကတော့ account server နဲ့ ချိတ်ဆက်တဲ့အချိန်တက်တဲ့ errorမျိုးပါ။

ဖြေရှင်းနည်း ၁ ။ ။ ဖုန်းsettings > Apps > All > Google Play Store နဲ့ Google Service Framework ကို Clear data နဲ့ Clear cacheလုပ်ပါ။

ဖြေရှင်းနည်း ၂ ။ ။ Gmail account ကိုဖုန်းထဲမှ remove လုပ်ပါ ပြီးလျှင်ဖုန်းကို restartလုပ်ပြီး ပြန်တက်လာပါက Gmail account ကို Sign in လုပ်ပေးလိုက်ပါ။အဆင်ပြေပါစေ...

********************************************************

6.   Google Play Store Error Code rpc:s-5:aec-0
******************************************

ဒီ Error ကတော့ account server နဲ့ ချိတ်ဆက်တဲ့အချိန်တက်တဲ့ errorမျိုးပါ။

ဖြေရှင်းနည်း ။ ။ ဖုန်းSettings > Apps > All > Google Play Store > Clear Cache နဲ့ Uninstall Updatesလုပ်ပေးပါ။ Download Manager နဲ့ Google Service Framework ကိုတော့ Clear Cache ပဲလုပ်လိုက်ပါ။အဆင်ပြေပါစေ...

********************************************************

7.   Google Play Store Error Code 504
***********************************

ုဒီerror ကApp could not be downloaded due to an error နဲ့ အတူတူပါပဲ။

ဖြေရှင်းနည်း ။ ။ ဖုန်းSettings > Apps > All > Google Play Store နဲ့ Google Services Framework ကို Clear data and Clear Cache လုပ်လိုက်ပါ။ error ဆက်တက်နေပါက gmail account ကို remove လုပ်ပြီး ပြန်sign in လုပ်ကြည့်ပါ။အဆင်ပြေပါစေ...

********************************************************

8.   Google Play Store Error Code 491
**********************************

ဒီError ကို Download and update impossible ဖြစ်တဲ့ error လို့သတ်မှတ်နိုင်ပါတယ်။

ဖြေရှင်းနည်း ။ ။ Gmail Account ကို Remove လုပ်ပြီး ဖုန်းကိုrestartလုပ်ပါ။ စက်ပြန်တက်လာတာနဲ့ account ကို sign in ပြန်လုပ်ပေးလိုက်ပါ။အဆင်ပြေပါစေ...

********************************************************

9.   Google Play Store Error Code 498
************************************

ဒီ Error ကိုတော့ Interruption Of Downloads လိုခေါ့်ပါတယ်။Download လုပ်နေရင်းနဲ့ မကြာခဏတက်တဲ့ errorပါ။

ဖြေရှင်းနည်း ၁ ။ ။ ဖုန်းထဲမှာ Cache file တွေပြည့်နေရင်ဖြစ်တတ်ပါတယ်။ သိပ်မသုံးတဲ့ application နဲ့ မလိုတဲ့ file တွေကိုဖျက်လိုက်ရင်အစဉ်ပြေနိုင်ပါတယ်။

ဖြေရှင်းနည်း ၂ ။ ။ ဖုန်းကို power ပိတ်လိုက်ပါ ပြီးရင် Recovery mode ထဲကို Volume Down+Power+Home buttonတွေနှိပ်ပြီး ဝင်လိုက်ပါ။ Recocery Mode မှာ Optionsတွေအများကြီးရှိပါတယ် ရှိတဲ့ optionsတွေထဲက Wipe Cache Partition ကို Volume buttonနဲ့သွားပြီး power keyနဲ့ selectလုပ်လိုက်ယုံပါပဲ။အဆင်ပြောပါစေ...

********************************************************

10.   Google Play Store Error Code 919
************************************

ဒီErrorကတော့ applicationကို download လုပ်လို့တော့ရမယ် ဒါပေမဲ့Download လုပ်ပြီး Runလို့မရတဲ့errorမျိုးပါ။

ဖြေရှင်းနည်း ။ ။ ရိုးရှင်းပါတယ် သင့်ဖုန်းရဲ့Storage ပြည့်နေပြီဆိုတာ သိလိုက်ပါတော့ ဒီတော့ မလိုအပ်တဲ့ data fileတွေကို ဖျက်တာတို့ Sdcardထဲ move လုပ်လိုက်တာတို့ လုပ်လိုက်ယုံပါပဲ။အဆင်ပြေပါစေ...

********************************************************

11.   Google Play Store Error Code 921
************************************

ဒီErrorကတော့ aplicationတွေ download လုပ်ခါနီးမှာ အဖြစ်များတဲ့ error ပါ။

ဖြေရှင်းနည်း ။ ။ Google Play Store ကို Clear data / Clear Cache လုပ်လိုက်ပါ။ပြီးရင် gmail account ကို removeလုပ်ပါ။ ဖုန်းကို Restart လုပ်ပြီး ပြန်တက်လာမှ Account ကို sign in လုပ်ပါ။အဆင်ပြေပါစေ...

********************************************************

12.   Google Play Store Error Code 923
************************************

ဒီError ကတော့ Sync ပိုင်းနဲ့ ပတ်သတ်နေပြီး cache memory မလုံလောက်ရင်ဖြစ်တာများပါတယ်။

ဖြေရှင်းနည်း ။ ။ ပထမဆုံး gmail accout ကို remove လုပ်လိုက်ပါ ပြီးရင် စက်ထဲက မလိုပဲ memory စားနေတဲ့ application တွေ ကို uninstall လုပ်လိုက်ပါ။ ပြီးမှ recocery mode ထဲ သွားပြီး Wipe Cache partition ကိုရွေးပေးလိုက်ပါ။ စက်ပြန်တက်လာရင်တော့ gmail sign in လုပ်လိုက်ယုံပါပဲ။အဆင်ပြေပါစေ...

********************************************************

13.   Google Play Store Error Code 101
*************************************

ဒီErrorကတော့ ဖုန်းstorage memory မလောက်တဲ့အတွက်အဖြစ်များပါတယ်။

ဖြေရှင်းနည်း ။ ။ မသုံးတဲ့ applicationတို့ Dataတို့ကို Sdcard ထဲ့ပြောင်းတာတို့ delete / uninstall လုပ်လိုက်ယုံပါပဲ။အဆင်ပြေပါစေ...

********************************************************

14.   Google Play Store Error Code 481
************************************

ဒီ Error ကတော့ Google Play Store Account Error လို့ခေါ်ပါတယ်။Gmail errorလို့လဲ ခေါ်ပါတယ်။

ဖြေရှင်းနည်း ။ ။ Gmail account ကို remove လုပ်ပြီး အခြား account တခုနဲ့ sign in ဝင်လိုက်ပါ။အဆင်ပြေပါစေ...

********************************************************

15.   Google Play Store Error Code RPC:S-3
****************************************

ဒီ Errorကတော့ application downlaod လုပ်လို့မရတဲ့ error အမျိုးစားထဲပါပါတယ်။

ဖြေရှင်းနည်း ။ ။ Gmail Account ကို remove လုပ်ပြီး တခြား account နဲ့ sign in လုပ်လိုက်ရင် အဆင်ပြေပါတယ်။

********************************************************

အပေါ်မှာပေးထားတဲ့ Error Code တွေကတော့ XDA FORUM မှာ DISCUSSION လုပ်တာအများဆုံးနဲ့ အဆင်ပြေတဲ့ CODE တွေဖြစ်ပြီး တင်ပေးထားတာပါ။

Credit: #pcandandroidtipsandtricks (Blog)