Sunday, May 29, 2016

Websiteလမ်းညွှန်​နှင့်​Facebookအသုံးပြုနည်း

Download

PC မှာBoot Timeမြန်​​အောင်​လုပ်​နည်း

Boot Time မြန်အောင်လုပ်နည်း
Boot Time ကို ကျွန်တော်တို့ Window စတက်တဲ့အခါမှာ Boot time ကြာနေတာ ကြုံဖူးကျမှာပါ။ အဲဒီလို ကြုံရင် အောက်ပါအတိုင်းဖြေရှင်းကြည့်လိုက်ပါ။
1. Start မှ Run ကို click လိုက်ပါ။
2. Regedit လို့ ရိုက်ထည့်လိုက်ပါ။
3. HKEY_LOCAL_MACHINE >> SOFTWARE >> Microsoft >>Dfrg >>BootOp t imizeFunction စတဲ့အတိုင်းအဆင်ဆင့်သွားလိုက်ပါ။ BootOptimizeFunction ပေါ်ကို click ပေးလိုက်ရင် ညာဘက်မှာ ရှိတဲ့ Name တွေထဲက Enable ကိုရှာလိုက်ပါ။ Enable ပေါ်မှာ Right click ထောက်လိုက်ပါ။ ကျလာတဲ့ Box မှ Modify ကို click လိုက်ပါ။
4. Edit String Box ကလေးကျလာပါမည်။ Value data မှာ “Y” လို့ တွေ့ရပါမည်။ Y to enable လို့ ပြောင်းလိုက်ပါ။ ပြီရင်တော့ Ok ပေါ့။
Credit

PC မှာ Internet Connection ၂၀% ပိုမြန်လာအောင်လုပ်မယ်

Microsoft ဟာ Windows Updates လို၊ သင့် PC ရဲ့ Information ကို ရယူခြင်းလို ကိုယ်ကျိုးအတွက် သုံးဖို့ရည်ရွယ်ပြီး သင်ရနိုင်တဲ့ Bandwidth ရဲ့ ၂၀% ကို “ဖြောင်”ထားပါတယ်။ အဲဒီ ၂၀% ကို သင်က ပြန်လည်ရယူနိုင်ပါတယ်။
(၁) Windows Key + R နှိပ်ပါ။
(၂) gpedit.msc လို့ ရိုက်ထည့်ပါ။
Group Policy Editor ကျလာပါလိမ့်မယ်။
(၃) Local Computer Policy >>> Computer Configuration >>> Administrative Templates >>> Network >>> QOS Packet Scheduler >>> Limit Reservable Bandwidth စသည့် အစဉ်အတိုင်း သွားပါ။
(၄) Limit Reservable bandwidth အပေါ်တွင် Double Click နှိပ်ပါ။ Configured မလုပ်ရသေးဘူးလို့ ပေါ်နေပါလိမ့်မယ်။ အဖြစ်မှန်က Explain Tab ထဲမှာရှိပါတယ်။ Bandwidth ရဲ့ ၂၀% ကို ကိုယ်ကျိုးအတွက် ဖြောင်ထားတဲ့အကြောင်း Microsoft က ၀န်ခံထားပါတယ်။ ဒါပေမဲ့ သင်ပြန်ယူချင်ယူနိုင်ကြောင်းလည်း လေပြေလေးထိုးပါလိမ့်မယ်။ အားမနာပါနဲ့... ပြန်ယူလိုက်ပါ။
(၅) ENABLE ကို Click လုပ်ပါ။ Bandwidth ကို ZERO (0) ထားလိုက်ပါ။ ဒါဆိုရင် သင်ရနိုင်တဲ့ Bandwidth အပြည့်အ၀ကို သုံးနိုင်ပြီဖြစ်ပါတယ်။
ကျွန်တော်စမ်းကြည့်တာတော့ (စိတ်ထင်လို့ပဲလားမသိဘူး) မြန်လာတယ်တော့ ထင်တာပဲ... Razz
Registry ထဲမှာ Network Adapter တစ်ခုခုအတွက် Bandwidth Limit ကို သတ်မှတ်ထားခဲ့မယ် ဆိုရင်တော့၊ အဲဒီ Network Adapter ကို Configure လုပ်တဲ့အခါကျရင် ဒီ Setting ဟာ ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။
မှတ်ချက်။ Microsoft က “ဖြောင်” ထားတယ်ဆိုတာ Reserve လုပ်ထားတာကို ပြောတာဖြစ်ပါတယ်။ အဓိပ္ပာယ်အတိအကျဆိုရင် “လိုအပ်ရင်သုံးနိုင်ဖို့ သိမ်းထားတဲ့” သဘောမျိုးဖြစ်ပါတယ်
Credit

Computerကိုဘယ်​သူသုံးသွားလဲ

နည်းလေးကတော့လွယ်လွယ်လေးပါ။မသိသေးတဲ့လူတွေအတွက်ပါ။
ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ Run ကနေ Recent လို့ ရိုက်ပြီး ဘာတွေ ဖွင့်လဲဆိုတာ ကြည့်ရင်သိမှာပေါ့လို့ပြောမယ်ထင်တယ်။ ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ ဘယ်အချိန်မှာ ဖွင့် ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင်ကော ဘယ်လို့မှ သူဖွင့်မဖွင့် မသိနိုင်တော့ဘူးမလား။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။ ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ.။
1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာသူတို့ သုံးခဲ့တဲ့ နေ့ရက် အချိန်နာရီတွေနဲ့ ဘာတွေကို ဘယ်လိုသုံးခဲ့လည်းဆိုတာတွေ့ပါလိမ့်မယ်
Credit

Gunpowder For iphone/ipad


Gunpowder ဆိုသည့် ဂိမ်းသည် ပစ္စည်းများကို အတင်အချ ပြုလုပ်သည့် လူငယ်တစ်ဦးမှ ရောဘင်ဟုဒ် စာအုပ်ကို ဖတ်ရှုမိရာမှ ဇာတ်လမ်းကိုစတင် အခြေခံခဲ့သည်။ အဆိုပါ ဂိမ်းတွင် ကစားသူသည် မီးခံသေတ္တာအတွင်း ထည့်သွင်းထားသည့် ငွေများကို ရရှိအောင် ယမ်းများကို ဆက်စပ်လမ်းကြောင်း အဖြစ် အသုံးပြုကာ ဖောက်ခွဲဖျက်ဆီးရမည့်ဂိမ်း ဖြစ်သည်။

အဆိုပါ ဂိမ်းကို iTunes တွင် ယခင်က ကန်ဒေါ်လာ ၃.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး ယခုအခါ အချိန်အကန့်အသတ်ဖြင့် အခမဲ့ download ပြုလုပ်ခွင့်ပေးထားသည်။ iOS version 8.0 နှင့်အထက်တွင် ထည့်သွင်းအသုံးပြုနိုင်မည့် app ဖြစ်သည်။ အခမဲ့ download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။

  ယခုတင်ပေးထားသော App အား(မြောက်ဒဂုံ၃၅မှတ်တိုင်အနီး " ဆွေသဟာ" ဖုန်းဆိုင်တွင်လည်း အခမဲ့ထည့်သွင်းနိုင်ပါတယ်ခင်ဗျာ)

Credit Internetjournal
သီဟထိုက်(ဆွေသဟာMobile

Notification တွေကိုရောင်စုံသတ်မှတ်ပေးနိုင်တဲ့ - Light Flow - LED&Notifications v3.61.17 APK


 အခုတင်ပေးလိုက်တဲ့Application လေးကတော့ကျွန်တော်စမ်းသပ်ကလိကြည့်ပြီးလိုဘဘောကျပြီး(ပီတိ)ဖြစ်လို့ ဘော်တွေကိုသုံးစေချင်လို့ကျနောပြန်လှည်တင်ပေးလိုက်တာပါ။Notificationတွေကိုမိမိစိတ်ကြိုက် ရောင်စုံသတ်မှတ် ပေးနိုင်မယ့် Application မျိုးဖြစ်ပါတယ်။ Notification တစ်ခုကို အရောင်တစ်မျိုး စတိုင်တမျိုး အသံတစ်မျိုးစီထားပြီးသတ်မှတ်ပေးနိုင်ပါတယ်။appပေါင်းတော့၂၅၀ ကျော်ကိုsupportလုပ်ပေးနိုင်ပါတယ်ဗျာ။ အောက်မှာScreen shot တွေရိုက်ပြထားပါတယ်။Android OS 2.2 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင် မှာဖြစ်ပါတယ်ဗျာ။

Download

Credit

1920 London (2016) ရုပ်သံ/ အကြည်

အိန္ဒိယ မှော်ဝင်ဇာတ်ကားကောင်းလေးကိုမှ ကြည့်ချင်ကြတဲ့ သူတွေအတွက်
[2016] ခုနှစ်မှာ ထွက်ခဲ့တဲ့ အိန္ဒိယ  အကောင်းဆုံးထဲ့က တစ်ကားပါ။
ကျနော်ကိုယ်တိုင်လည်း မကြည့်ရသေးပါ။
အိန္ဒိယ  ဇာတ်ကားတွေကို ကြိုက်နှစ်သက် သူတွေ အတွက်ကတော့ အကြိုက်တွေ့စေမယ့်  ဇာတ်ကားလေးလို့ ထင်ပါတယ်။ ရှေ့ဟောင်းရာတွေကို အခြေခံပြီး ရိုက်ကူထားတဲ့ အိန္ဒိယ မှော်ဝင်ဇာတ်လေးပါ။
ဒီဇာတ်ကားလေး ဆိုရင်ဖြင့်  လက်ရှိထိ  IMDb Rating 4.8 နေရာ
ရရှိနေတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။

ဇာတ်ကားအမည်၊ 1920 London 

ဒါရိုက်တာ၊  Dharmendra Suresh Desai

စာရေးဆရာ ၊ Vikram Bhatt 

အရည်အသွေး၊    အကြည်

 Subtitle ၊   English

File size ၊    697.7MB

ယခုဇာတ်ကားကိုဒေါင်းလော့ ရယူရန်
 နှင့် 
တိုက်ရိုက်ကြည့်ရှုလိုသူများ  အောက်က

Watch And Download Here!!! ဆိုတာကို

 နှိပ်ပြီး  ကြည့်ရှု ဒေါင်းယူနိုင်ပါတယ်.။

Watch And Download Here!!!

Credit-လင်းစွယ်​စုံသို့သွားချင်​ရင်

Nyi Nay Min 01 Font

Nyinaymin 001 font (version 1.0)ပါ ကိုယ်တိုင်လုပ်ထားတဲ့ဖောင့်လေးမို့ အားလုံးပဲ စိတ်လွတ်ကိုယ်လွတ်သုံးလို့ရပါတယ်။ ကဲအားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီတစ်ခါတော့ လိုအပ်တာတွေကိုပြန်ပြီး ပြုပြင်ပေးထားတဲ့ ဖောင့်ကို တင်ပေးလိုက်ပါတယ်။ ဒီဇိုင်နာသမားတွေ ဒီဇိုင်းဆွဲရ အခက်အခဲဖြစ်မှာ စိုးလို့ ဒီဇိုင်းပြန်ဆွဲပြီး ဖောင့်တစ်ခါတည်းလုပ်ပေးလိုက်ပါတယ်။ ကဲ လိုချင်တဲ့သူများ အောက်မှာ ယူနိုင်ပါတယ်

Download

Saturday, May 28, 2016

Nyi nay min animal font1

ဒီဖောင့်နာမည်ကို ခေါ်မယ်ဆို ကျနော့်နာမည်ကို ခေါ်ပြီး တွံတွေးတစ်ချက် မြိုချပြီးမှ နောက်က Animals ကို ထပ်ခေါ်ပါ .. တစ်ခါတည်း တွဲပြီး မခေါ်ပါနဲ့။ ဖောင့်က တစ်ခြားနာမည်ပေးမလို့ဟာ တော်ကြာ ဒီဇိုင်းဆွဲတဲ့အခါကျ ဖောင့်တွေကို နာမည်မမှတ်မိမှာစိုးလို့ Animals font လို့ပေးလိုက်တာပါ။ အကြောင်းကတော့ ဒီ Font ထဲမှာ တိရိစ္ဆာန်မျိုးစုံပုံတွေကို ထည့်ထားပေးလို့ပါ။ :D :P ကိုယ်တိုင်လုပ်ထားတဲ့ ဖောင့်လေးတွေပါ။ တကယ်တော့ ကျနော့်ဆိုင်အတွက်ဆိုပြီးတော့ လုပ်လိုက်တာပါ။ ပြီးတော့မှတစ်ခြားသူတွေကိုလည်း သုံးစေချင်လို့ ပြန်တင်ပေးလိုက်ပါတယ်။

ကဲ Download လုပ်မယ်ဆိုရင်တော့ အောက်မှာတင်ပေးထားပါတယ်။ အဲ့ကနေ ယူလိုက်ပါ။ Google Drive ကနေ တင်ပေးထားပါတယ်။ အဆင်မပြေတာရှိရင်ပြောပါ။
Credit​ပေးပါတယ်ဆရာ

Download

Lite TubeMate Ad Free Modded apk latest version


Youtube က Video တွေကို Format အမျိုးမျိုး Resolution စုံလင်စွာဒေါင်းလို့ရတဲ့ apk ပါ။ည အခုတင်ပေးလိုက်တာ ကြော်ငြာတွေမပါဝင်အောင် ပြုလုပ်ပေးထားပါတယ်။ ဒေါင်း Speed လည်းမြန်ဆန်အောင် လုပ်ထားပါတယ်
Credit -aungkyaw

Download

Live Wallpaper  နောက်ဆုံးပေါ်ဒီဇိုင်းအလန်းလေး - Lumi Live Wallpaper Deluxe v1.2.2 Apk

Live Wallpaper  နောက်ဆုံးပေါ်ဒီဇိုင်းအလန်းလေး - Lumi Live Wallpaper Deluxe v1.2.2 Apk လေးပါ နောက်ဆုံးပေါ် ဒီဇိုင်း လေးနဲ့မှလန်းခြင်တဲ့ ဘော်ဒါတွေ အောက်မှာ ဒေါင်းပြီး အသုံးပြုနိုင်ပါပြီ အဆင်ပြေပါစေ (ပုသိမ်နည်းပညာ)
 Lumi Live Wallpaper Deluxe v1.2.2 Apk | 10 MB | Resumable Links |Requires :Android 4.2 and Up |
Lumi is a full 3D live wallpaper with brilliant 3D tiles!
Lumi 3D Pro Live Wallpaper

What’s in this version :
Added a new theme.
Minor enhancements.
===Recent Changes===
Added settings for light flow speed, camera speed
Added a fix to allow view panning in Samsung phones
Added new feature: Triple-tap to shuffle theme.
Added new themes: Droid themes, Classy Piano (Black & White), Blue, Gold, etc.

App Review:
Lumi is a full 3D live wallpaper with brilliant 3D tiles that sparkle up and move in waves as you interact with them. The app comes with many vibrant or classy color themes and many different geometric shapes and patterns (gems, honeycomb, box tiles, etc.), and new themes are being added constantly by our team. You can set the color themes to shuffle every 30 minutes, or triple-tap to switch between them. You can also set them to move to the music being played on your phone, or move as you shake your phone or tablet.
In addition to all the features in the free version, this Pro version has many extra features:
★ Theme selection: Choose from many theme designs. We are constantly adding other themes to the list as free updates.
★ Shake to move: Configure the tiles to move when you shake your phone
★ Random move: Give the tiles more life by adding random movements
★ Music move: Configure the tiles to move to the current music played on your phone
★ Customize movement strength and speed
★ Customize ripple and light flow speed
★ Customize camera speed when you switch between home screens
=== Instruction ===
Home -> Press Menu -> Select Wallpapers -> Select Live Wallpapers -> Select “Lumi (Pro)” from the list

Download

Credit- www.patheinit.com

အသက် ၁၀နှစ်အရွယ် အငယ်ဆုံး Hacker ပါရမီရှင်လေး


“ပါရမီ ရှိသူများအတွက် အသက်အရွယ်ဆိုတာ ကန့်သတ်ချက်မရှိပါဘူး” ဟူသော ဆိုရိုးစကားကို သက်သေပြလိုက်တာကတော့ အသက် ၁၀ နှစ် အရွယ်သာရှိသေးသော ပါရမီရှင်လေးဘဲ ဖြစ်ပါတယ်။ ဒိ ၁၀ နှစ်သား ကလေးငယ်လေးက Instagram တွင် ရှိသော အားနည်းချက် ယိုပေါက်တစ်ခုကို တွေ့ရှိခဲ့ပါတယ် ထို့ကြောင့် ဆုကြေးငွေ အမေရိကန်ဒေါ်လာ တစ်သောင်း ရရှိသွားပြီ ဖြစ်ပါတယ်

လွန်ခဲ့သော့ အင်္ဂါနေ့က The Hacker News ၏ သတင်း တစ်ပုဒ်တွင် ထို ဖင်လန်နိုင်ငံသား ပါရမီရှင်လေးရဲ့ အကြောင်းကို အကျယ်တ၀ံ့ရေးသားဖော်ပြခဲ့ပါတယ်။ သူ ရှာဖွေတွေ့ရှိခဲ့တာကတော့ Instagram တွင် ဓာတ်ပုံများကို Sharing လုပ်ဆောင်သည့် လုပ်ငန်းစဉ်တစ်ခုတွင် အားနည်းချက် ယိုပေါက်များ ဖြစ်နေခဲ့ခြင်းဘဲ ဖြစ်ပါတယ်။

၁၀ နှစ်သားကလေးငယ် ပါရမီရှင်လေး ဂျာနီသည် သူ့ရှာဖွေတွေ့ရှိချက်ကို ချက်ချင်း Istagram သို့ပေးပို့ခဲ့ပါတယ်။ သူ့ရှာဖွေတွေ့ရှိချက်တွင် Malicious Code ကို အသုံးပြုပြီး အခြားသော Istagram User များ၏ Comments များကို ဖယ်ရှားနိုင်ပါတယ်။ “ဘယ်သူ့ရဲ့ Istagram အကောင့်ထဲက Comments ကို ဘဲဖြစ်ဖြစ် ကျွှန်တော်ဖယ်ထုတ်နိုင်ပါတယ်” လို့ ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။

Jani ဆိုသောအမည်ကို သူ့မိဘတွေ ပေးထားသော နာမည်လေးပါ။ သူကတော့ အသက် ၈ နှစ် ကတည်းက Coding နဲ့ Video Game တွေကို အရမ်းစိတ်ဝင်စားခဲ့ပါတယ်။ Hacking နှင့် Programming Video တွေကိုလည်း Youtube မှတဆင့် လေ့လာနေဆဲပါလို့ Finnish Media ကိုပြောကြားခဲ့ပါတယ်။ ပြီးတော့ သူ့အိမ်မက်က Security ပိုင်းကို ကျွမ်းကျင်နိုင်တဲ့သူ ဖြစ်ရမယ်လို့လည်း ပြောကြားခဲ့တယ်။ Security ကအရမ်းကို အရေးကြီးတဲ့ အတွက်ပါ။

ပါရမီရှင် ဖန်လန်နိုင်ငံသားလေး ဂျာနီကတော့ Istagram ၏ အားနည်းချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ တစ်သောင်း ဆုကြေးငွေကို ဆွတ်ခူးရရှိသွားပါပြီ။

 
25-5-2016
 
တင်ဆက်သူ - ပိုင်လင် (MEHN Team)

www.mehn-mm.com

နိုင်ငံခြားဇာတ်လမ်းတွေကို မြန်မာစာတန်း အမြန်ထိုးကြမယ်


နိုင်ငံခြား ဇာတ်လမ်းတွေကို မြန်မာစာတန်းထိုး လုပ်ဖို့အတွက် နည်းလမ်းတွေ ၃
၊ ၄ မျိုးလောက်ရှိပါတယ်။ (ကာရာအိုကေ စာတန်းထိုးမဟုတ်ပါ)။ Adobe PhotoShop
ထဲမှာ စာတန်းတွေလုပ် ပြီးတော့ အဲဒါတွေကို Adobe Premier ထဲထည့် TimeLine
နဲ့လိုက်ညှိ စိတ်ရှည်ရှည်နဲ့လုပ်ရပါတယ်။ အခု ကျွန်တော် ပြောပြမယ့်
နည်းလမ်းကတော့ တော်တော်လေးမြန်ပါတယ်။ ဘာသာပြန်ကျွမ်းကျင်တဲ့သူတွေ (သို့)
ဘာသာပြန်ပြီးသားဖိုင်တွေသာ ရှိရင် ဟောတခွေ၊ ဟောတခွေ နဲ့ကို လုပ်လို့ရပါတယ်။

Type of Subtitle

စာတန်းထိုး လို့ ဆိုရာမှာ Hardsub နဲ့ Softsub ဆိုပြီး ၂ မျိုးရှိပါတယ်။
Hardsub ဆိုတာ ဇာတ်ကား တနည်းအားဖြင့် Video file ထဲမှာ တခါတည်း စာတန်းထိုး
တွဲပါတာမျိုးပါ။ Softsub ဆိုတာ Video file က ဘာစာတန်းထိုးမှ မပါ ပါဘူး။
စာတန်းထိုးဖိုင်ကို(srt file) သပ်သပ် ပြန်လုပ်ပြီးတော့ Video file နဲ့
ပြန်ပေါင်းကြည့်တာပါ။ ဥပမာ Iron man 2 ဇာတ်လမ်းဆိုကြပါစို့။ အဲဒါကို
English srt နဲ့ ပေါင်းကြည့်ရင် English စာတန်းထိုးဖြစ်သွားရော ၊
Indonesian srt နဲ့ပေါင်းကြည့်ရင် Indonesian စာတန်းထိုးဖြစ်သွားရော ။

How to use softsub?

Softsub တွေကို အလုပ်လုပ်ဖို့အတွက် VobSub လို Software မျိုးတွေသွင်းပြီး
Windows Media Player နဲ့ တွဲကြည့်လို့ရသလို ၊ VLC Player ဆိုရင် ဘာမှ ကို
သွင်းစရာမလိုပဲ နဲ့ softsub တွေ အလုပ်လုပ်ပါတယ်။ တခု သတိထားရမှာက video
file နဲ့ subtitle file တို့က တူညီတဲ့ ဖိုင်နာမည် ရှိရမှာ ဖြစ်ပြီး ၊
တူညီတဲ့ လမ်းကြောင်းအောက်မှာ ရှိရပါမယ်။ ဥပမာ c:\ironman2.avi ဆိုတဲ့
ဇာတ်ကားရှိရင်၊ subtitle ဖိုင်ကို c:\ အောက်မှာ ပဲ c:\ironman2.srt
ဆိုပြီးထားရပါမယ်။

Subtitle တွေကို ဘယ်မှာ ရှာရမလဲ??

Subtitle တွေကို ပေးတဲ့ site တွေ တော်တော်များများရှိပါတယ်။ ဒီနေ့လို
ဇာတ်လမ်းအသစ်ထွက်ပြီဆိုတာနဲ့ နောက် ၂ ရက်လောက်ဆို english subtitle တွေ
ထွက်လာပါပြီ။ ကိုယ့်မှာ ရှိတဲ့ video file နဲ့ timeline ကိုက်ညီတဲ့
subtitle တွေကို ရှာတတ်ဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ရင် စာတန်းထိုးက
စောနေတာမျိုးတို့ ၊ နောက်ကျနေတာမျိုးလို့ ဖြစ်တတ်ပါတယ်။
များသောအားဖြင့်တော့ video file name နဲ့ တူတဲ့ subtitle တွေကိုသာ ရှာတာ
အကောင်းဆုံးပါ။ ဥပမာ ironman2_dvdrip_SAINTS.avi ဆိုရင် စာတန်းထိုးကလည်း
ironman2_dvdrip_SAINTS.srt အဲဒီလိုပေးကြတာများပါတယ်။

http://subscene.com/

http://www.opensubtitles.org/

http://www.divxsubtitles.net/

http://www.mysubtitles.org/

http://www.allsubs.org/

http://www.tvsubtitles.net/

မြန်မာစာတန်းထိုးပြောင်းကြမယ်

video file လည်းရပြီ ၊ သူနဲ့ ကိုက်တဲ့ english subtitle လည်းရပြီ
ဆိုပါစို့။ ဒီအဆင့်ရောက်ရင် မြန်မာလို ပြန်ပြောင်းဖို့က
အရမ်းလွယ်သွားပါပြီ။ srt စာတန်းထိုးဖိုင်ကို notepad နဲ့ဖွင့်လိုက်ပါ။
ပြီးတော့ အင်္ဂလိပ်လို ရိုက်ထားတဲ့နေရာတွေမှာ ဘာသာပြန်သမားက
မြန်မာလိုပြန်ပြီးရိုက်လိုက်ရုံပါပဲ။ တခု သတိထားရမှာက အပေါ်က timeline
တွေကို မပြင်လိုက်ဖို့လိုပါတယ်။ timeline မှားသွားရင်တော့ စာတန်းထိုး
စောတာတွေ ၊ နောက်ကျတာတွေ ဖြစ်ကုန်မှာပါ။ နောက်တခု အရေးကြီးတာ ကျန်သေးတယ်။
file ကို save လုပ်တဲ့နေရာမှာ save as နဲ့ လုပ်ပါ။ Encoding မှာ Unicode
လို့ ရွေးဖို့လိုအပ်ပါတယ်။ Default က ANSI ပါ။ အဲဒါနဲ့သိမ်းမိရင်တော့
ရိုက်ထားသမျှ စာတွေ အကုန်ပြန်ရိုက်ဖို့သာ ပြင်ပေတော့။

Produce DVD,VCD or Hardsub

မြန်မာလို့ အကုန်ပြန်ပြင်ရိုက်ပြီးပြီဆိုရင်တော့ Xilisoft video converter
ultimate 6.x ဒါမှမဟုတ် Power Director စတဲ့ software တွေနဲ့ Video file
နဲ့ မြန်မာစာတန်းထိုး srt ဖိုင်ကို ကိုယ့်စိတ်ကြိုက် VCD,DVD
ထုတ်လို့ရပါပြီ။

ref: Ko Kyaw Zwar (taunggyicherryland)

http://www.sawlinux.org/2013/07/blog-post.htm

Windows 10 & Office 2016 All Editions Activator 1.8MB

Windows 10 & Office 2016 All Editions Activator 1.8MB

ဒါကတော့ Windows လိုင်စင် အခက်ခဲရှိတဲ့ သူငယ်ချင်းတွေအတွက် တင်ပေးလိုက်တာပါ

ဖိုင်ဆိုဒ်ကလည်း သေးသေးလေးဆိုတော့ အခုမလိုသေးရင်တောင် ကွန်ပျူတာ သုံးတဲ့ သူငယ်ချင်း ဆောင်ထားတာ မမှားပါဘူး 

Enterprise
EnterpriseN
Business
BusinessN
Starter
Home Basic
Home BasicN
Home Premium
Ultimate
Windows 7
Enterprise
EnterpriseN
EnterpriseE
Starter
Home Basic
Home Premium
Professional
ProfessionalN
Ultimate
Windows 8
Enterprise
EnterpriseN
Core
CoreN
CoreARM
CoreCountrySpecIFic
CoreSingleLanguage
Professional
ProfessionalWMC
ProfessionalN
Windows 8.1 Preview
Enterprise
EnterpriseN
Core
CoreN
CoreARM
CoreCountrySpecIFic
CoreSingleLanguage
Professional
ProfessionalWMC
ProfessionalN
Windows 8.1 RTM
Enterprise
EnterpriseN
Professional
ProfessionalN
ProfessionalWMC
Core
CoreConnected
CoreConnectedN
CoreConnectedSingleLanguage
CoreConnectedCountrySpecific
ProfessionalStudent
ProfessionalStudentN
CoreARM
CoreN
CoreSingleLanguage
CoreCountrySpecific
EmbeddedIndustryA
EmbeddedIndustryE
EmbeddedIndustry
Windows 10
Professional
Professional N
Education
Education N
Enterprise
Enterprise N
Enterprise 2015 LTSB
Enterprise 2015 LTSB N
Home
Home N
Home Single Language
Home Country Specific
Windows 10 TP
Home Connected
Home Connected N
Home Connected Single Language
Home Connected Country Specific
Professional Student
Professional Student N
Professional 2015 LTSB
Professional 2015 LTSB N
Home ARM
Professional WMC
Windows Server 2008
ServerDatacenter
ServerDatacenterV
ServerEnterprise
ServerEnterpriseV
ServerEnterpriseIA64
ServerStandard
ServerStandardV
ServerComputeCluster
ServerWeb
Windows Server 2008 R2
ServerDatacenter
ServerEnterprise
ServerEnterpriseIA64
ServerStandard
ServerEmbeddedSolution
ServerHPC
ServerWeb
Windows Server 2012
ServerDatacenter
ServerStandard
ServerMultiPointPremium
ServerMultiPointStandard
Windows Server 2012 R2
ServerStandardCore
ServerStandard
ServerDatacenterCore
ServerDatacenter
SolutionCore
Solution
ServerCloudStorageCore
ServerCloudStorage
Office 2013, Office 2010, Office 2015, Office 2016
Whats New in v1.4 Beta 3 ?
Updated Vietnamese language (thanks to vanhoivo).
Introduced Re-Loader LITE, does not contain activation Windows XP but more clean for your antivirus.
How to Use it For Activating Windows and Office ?
Disable your antivirus
Now run the “.exe” file from the .zip file and click on Accept button
Now click on product icon which you want to activate
Click activate and after a few seconds your product is activated
That’s it. Enjoy !
Screenshots

Requirements
.NET 4.0 or Windows 7/8/2012.

Download
Or
Download
Credit-​နေမင်း​မောင်
နေမင်း​မောင်​siteသို့သွားချင်​ရင်

Android အခြေခံ Command များနှင့် Mode များအကြောင်း အနည်းငယ် အဓိပ္ပာယ် ဖွင့်ဆိုခြင်း

Android အခြေခံ Command များနှင့် Mode များအကြောင်း အနည်းငယ် အဓိပ္ပာယ် ဖွင့်ဆိုခြင်း

(1 ) adb devices

မိမိရဲ့ Device နဲ့ Computer ချိတ်ဆက်မှု ရှိ မရှိ စစ်ကြည့်တဲ့ Command ပါ ။ တစ်နည်း adb သိ မသိ စစ်တဲ့ Command ပါ ။

adb devices သိပြီဆို ဘာတွေအသုံးပြုနိုင်မလည်းဆိုတော့ Normal Mode အခြေနေကနေ ( Recovery Mode / Fastboot Mode ( or ) download Mode ( for Samsung ) ) စသဖြင့် Mode များကို အလွယ်တကူ ရောက်ရှိသွားနိုင်သလို Root နိုင်ခြင်း ၊ Myanmar Font သွင်းခြင်း ၊ Pattern Password ၊ Pin Lock များဖြည်နိုင်ခြင်း ၊ PC Suit များကို အသုံးပြုပြီး Game / Appliaction /Music / Movie များသွင်းနိုင်ခြင်း ၊ Official Firmware / Custom Firmware များတင်နိုင်ခြင်း စသဖြင့် ….. အသုံးပြုနိုင်ပါသည် ။

( 2 ) adb reboot recovery

ဖုန်းတစ်လုံးကို Normal Mode အခြေနေကနေ Recovery Mode အခြေနေရောက်စေသော Command ပါ ။ ဘယ်လိုအခြေနေမှာ သုံးရမလဲဆိုတော့ Official Rom / Custom Rom ( Update.zip ) တင်ချင်တဲ့အခါ ၊ မိမိဖုန်း အရမ်းလေးနေလို့ စိတ်ညစ်နေတဲ့ အခါ

Recovery Mode ကနေပြီး Fastory Reset ချချင်တဲ့ အခါ အသုံးပြုနိုင်သော Mode ဖြစ်ပါတယ် ။

( 3 ) Fastboot Mode Command

1 adb reboot bootloader

2 adb reboot-bootloader

3 adb reboot oem-1

အထက်ပါ Command တွေကတော့ Fastboot Mode ကို ရောက်ရှိစေသော Command များဖြစ်ပါတယ် ။ တစ်ခုမရ တစ်ခုပြောင်းသုံးပါ ။ Fastboot Command က ဘာတွေအသုံးဝင်သလည်းဆိုတော့

– Fastboot Mode ကနေပြီး Bootloader Unlock / Relock လုပ်နိုင်ခြင်း

– Fastboot Mode ကနေပြီး Root ရခက်တဲ့ ဖုန်းများကို Insecure boot လုပ်ပြီး boot.img /recovery.img များကို Flash နိုင်ခြင်း

– Fastboot Mode ကနေပြီး boot.img ကို ပြင်ပြီး ( Pattern / Password /Pin Lock ) များကို ဖျက်စေနိုင်သော Command များရေးပြီး Flash နိုင်ခြင်း

– Fastboot Mode ကနေပြီး Custom Recovery ( CWM ) များကို Flash နိုင်ခြင်း

– Fastboot Mode ကနေပြီး Official Rom / Custom Rom များ Flash နိုင်ခြင်း

စသဖြင့် မိမိအသုံးပြုလိုသော Function ကို ရွေးချယ်အသုံးပြုနိုင်ပါသည် ။

( 4 ) Safe Mode

သင့် Android Device မှာ Apps တွေသုံးနေရင်းနဲ့ ပိတ်သွာတာတွေ၊ ဖုန်းလေးလံလာတာတွေ၊ Apps တွေအလုပ်ကောင်းကောင်းမလုပ်ဘဲ ရပ်နေတာတွေ၊ Battery ကြာရှည်စွာအသုံးမခံတော့တာတွေ စတာတွေကို Safe Mode ကိုဝင်ပြီးအဖြေရှာနိုင်ပါတယ် ။ Safe Mode ကိုဝင်ပြီး ဖြစ်နေတဲ့

ပြဿနာတွေ ဖြစ်သေးလားဆိုတာ စမ်းသပ်ကြည့်ပါ။ Safe Mode မှာ

ပြဿနာတွေမဖြစ်တော့ ရင် Applications တွေကြောင့် ဖြစ်နိုင်ပြီး ပြဿနာရှိနိုင်တဲ့ Apps တွေကို Uninstall လုပ်နိုင်ပါတယ်Safe Mode ကိုဝင်ပြီးရင် Screen ဘယ်ဘက်အောက်ခြေမှာ Safe Mode ဆိုတဲ့ စာကိုတွေ့ နိုင်ပါတယ်။

Safe Mode မှာ သင့် Android Device မှာ နဂိုပါလာတဲ့ Apps တွေကို ပဲသုံးလို့ ရမှာဖြစ်ပြီး သင် Installလုပ်ထားတဲ့ Apps တွေ ၊ Widgets တွေကို Disable လုပ်ပေးထားမှာပါ။ သင့် ဖုန်းကို သာမာန် လိုပဲ အသုံးပြုကြည့်ပါ။

ပြဿသနာတွေဖြစ်သေးလားဆိုတာ စောင့်ကြည့်ပါ။ ပြသနာေ တွမဖြစ်တော့ရင် သင်Install လုပ်ထားတဲ့ third-party apps တွေကြောင့် ဖြစ်နိုင်ပါတယ်။

Apps တွေကို Disable လုပ်ထားပေမယ့် Uninstall လုပ်လို့ ရပါတယ်။ ပုံမှန်အတိုင်းပဲ Settings ကိုသွားပြီးApps ကိုနှိပ်ပါ။ပြသနာဖြစ်စေတယ်လို့ 

ထင်ရတဲ့ Apps တွေကို Uninstall လုပ်ပါ။ မကြာမီ ကသွင်းထားတဲ့ Apps

တွက ပြဿနာ ဖြစ်စေတဲ့ Apps တွေဖြစ်နိုင်ပါတယ်။

အဲဒီအတွက် မကြာမီ ကသွင်းထားတဲ့ Apps တွေကို အရင်ဆုံး Uninstall လုပ်သင့်ပါတယ်။ ပြီးရင်တော့ Power ကိုပိတ်ပါ။ Power ကို ပြန်ဖွင့်ပြီး

Normal Mode ကိုပြန်သွားပါ။ ဖြုတ်လိုက်တဲ့ Apps တွေကို တစ်ခုချင်းစီ ပြန်သွင်းပြီး စောင့်ကြည့်ပါ။ ဘယ် App ကပြသနာဖြစ်စေ

တာလဲဆိုတာကို ဒီနည်းနဲ့  ရှာဖွေပါ။သင့်ရဲ့ ပြဿနာ ဟာ Apps

တွကြောင့်မဟုတ်ဘဲ တစ်ခြား ကြီးကြီးမားမား အကြောင်းအ

ရာတွေကြောင့်ဆိုရင်တော့ သင့်ဖုန်း ရဲ့ Factory Default Settings ကို Restore လုပ်သင့်ပါတယ်။

သင့်ရဲ့  ဒေတာ တွေအားလုံး ဖျက်ပစ်မှာကိုတော့ သတိပြုပါ။ အဲဒီအတွက် Backup လုပ်ထားသင့်ပါတယ်။ Apps တွေအားလုံးကိုလည်း ပြန်ပြီး Install လုပ်ရမှာပါ။ Factory Default Settings ကို Reset လုပ်ဖို့ အတွက် Settings ထဲကိုသွားပြီး

Backup & Reset ကိုနှိပ်ပါ။ Factory Data Reset ကိုနှိပ်ပါ။ပြီးရင် ညွှန်ကြားချက်တွေအတိုင်းဆက်လုပ်သွားပါ။

Safe Mode ထဲမှာ System အတွက် လိုအပ်တာတွေပဲ အလုပ် လုပ်ပါတယ်။ ထပ်ပြီးထည့်ထားတဲ့ software/Game တွေကအလုပ် မလုပ်တော့ပါဘူး။ App Drawer ထဲမှာလဲ မတွေ့ ရတော့ပါဘူး။

Safe Mode ၀င်နည်း ။ ။ Power ပိတ်တဲ့အခါ Power ခလုပ်လေးကို ကြာကြာလေးဖိထားပါ Power Off ဆိုတာလေးပေါ်လာရင်တော့ အဲ့ဒါလေးကို ကြာကြာလေဖိထားလိုက်ပါ ပိတ်ချင်ရင်တော့ Shut down လို့ပြပါတယ်။

Safe mode ဝင်ချင်ရင်တော့ Reboot to safe mode or Ok ပေါ့ ။

Safe Mode မှ ထွက်နည်း။ ။ Restart ချလိုက်ပါ ဒါဆို Safe Mode ပျောက်သွားပါလိမ့်မယ် ။ ( သာမန် Safe Mode များသာ Restart က နိုင်ပါသည် ။ )

( နောက်တစ်နည်း )

၁ – Battery ဖြုတ်လိုက်ပါ ။

၂ – Battery ပြန်တပ်ပြီးပါဝါဖွင့် W 3G ဆိုပေါ်လာခဲ့ရင် Vol down လေးဖိထားလိုက်ပါ …..နောက်ဆုံး Lock Screen ရောက်သွားခဲ့ရင် safe mode ပျောက်သွားတာကိုတွေ့ရမှာပါ Safe Modeကနေ ပြဿနာတွေကို

အဖြေရှာနိုင်ပါတယ်။

( 5 ) Pattern /Password /Pin Lock Remove Command

adb devices

adb shell

su

rm /data/system/gesture.key ( For Pattern and Face Lock )

rm /data/system/password.key ( For Password and Pin Lock)

For Beginner :

Refer to All

Credit:

ပါပီလွန်​နှင့်​ဗင်​ကို

ပါပီလွန် နှင့် ဗင်ကို (လောကဓံကို ကြံ့ကြံ့ခံမှုများနှင့် ပါတ်သက်၍ အသက်အဝင်ဆုံး ပေါ်လွင်အောင်ဖေါ်ပြနိုင်သော စာအုပ်ဖြစ်သည်)

ဖတ်သင်တဲ့ စာအုပ်လေးမို့ တင်ပေးလိုက်ပါတယ်..။

စာအုပ်အမည် - ပါပီလွန် နှင့် ဗင်ကို

စာရေးသူ - ဦးလှဝင်း (လေသူရဲတစ်ဦး)

Click Here to Download 

Thanks for download.

Credit- winkabarkyaw
winkabarkyawသို့သွားချင်​ရင်