Saturday, May 28, 2016

Knowledge Box Android Application

BMP IDE သာမရှိခဲ့ရင် ဒီ Application လေးဖြစ်လာမှာမဟုတ်ပါဘူး
Computer လုံးဝမသုံးဘဲ ဖုန်းနဲ့ပဲ ရေးရတဲ့အတွက်
ပြင်လိုက် ဖျက်လိုက် နဲ့ တော်တော်ကိုကြာနေပါပြီ
ပထမတော့ ကိုယ်သုံးဖို့ရည်ရွယ်ပြီး စမ်းသပ်ရေးကြည့်ခဲ့တာပါ
Knowledge Box ( For Computer ) ထွက်ကတည်းက ဖုန်းပေါ်ကနေပဲ ဖတ်လို့ရအောင်ရေးပေးမယ့်သူရှိရင် ကောင်းမှာပဲ ဆိုတဲ့စိတ်ကူးလေး ကူးမိခဲ့တာပါ 
ဒီ Application လေးထဲမှာ Computerဆိုင်ရာ,Mobile ဆိုင်ရာ, အခြား IT ဗဟုသုတများနဲ့ ကျော်ကြားသူတစ်ချို့ရဲ့ အတ္ထုပတ္တိအကျဉ်း စတဲ့ အကြောင်းအရာဗဟုသုတပေါင်း
၂၄၅ ခု ပါ ပါတယ်
Text ဖိုင်က အရမ်းများတဲ့အတွက် သေချာပြန်မစီနိုင်ခဲ့ပါဘူး
တကယ်လို့ ဒီ Application နဲ့ပတ်သက်ပြီး အပြစ်တင်စရာရှိရင် ကျွန်တော့ကိုသာ အပြစ်တင်ပါ
လိုအပ်တယ် Share သင့်တယ်လို့ယူဆရင် သူငယ်ချင်းတွေကို တဆင့်မျှဝေပေးပါ

ဒီ Application လေး ဖြစ်လာခဲ့တဲ့အတွက်
ပထမဆုံးအနေနဲ့ BMP IDE ကို ဖန်တီးပေးခဲ့တဲ့ Ko Nyi Nyi Lwin နဲ့ ညီလေးHtoo Phyoe ကို ကျေးဇူးတင်ပါတယ်
နောက် Knowledge Box ( For Computer ) ကို ဖန်တီးခဲ့တဲ့ ညီလေးNyi Nyi Aung( Harris ) ကိုလဲ text ဖိုင်တွေ အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
နောက် ဒီထဲက Text ဖိုင်အများစုက ၀င်းကမ္ဘာကျော်ဆိုဒ်က ယူထားတာဖြစ်တဲ့အတွက်
ကိုကြီး Win Kabarkyawကိုလဲ ကျေးဇူးတင်ပါတယ်
နောက် မသိတာရှိလို့မေးတိုင်း စိတ်ရှည်ရှည်ရှင်းပြပေးကြတဲ့ ညီလေးတွေဖြစ်တဲ့ Shine Min Khant , Aunt Htoo Aung, Aung Ko နဲ့ Thu Ya တို့အပါအ၀င် BMP ဆိုင်ရာ မေးမြန်းနိုင်သော ဂရု မှ ၀ါသနာတူ Member တွေကိုလဲ ကျေးဇူးတင်ပါတယ်
ကွန်ပြူတာဆိုင်ရာ မေးမြန်းနိုင်သော ဂရု က မှတ်ထားသင့်တဲ့ Comment တွေကိုမှတ်သားပြီး ပြန်ထည့်ထားတာမို့ Orginal Comment ပိုင်ရှင်များ နဲ့ Member များကို ကျေးဇူးတင်ပါတယ် Credit လဲ ပေးပါတယ်
နောက်ဆုံးအနေနဲ့ ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါတယ်

ဒေါင်းမရဘူး ပြောမှာစိုးလို့

လင့်တွေခွဲပြီးတင်ပေးထားပါတယ်

လှလှပပ ဒီဇိုင်းမဆွဲတတ်လို့ 

ရိုးရိုးလေးပဲ လုပ်လိုက်ပါတယ်

အကြောင်းအရာပြောင်းလဲဖတ်ရှုရန်အတွက်

App အပေါ်ဘက်မှာထည့်ထားတဲ့

icon လေးတွေကိုနှိပ်ပြီး ပြောင်းနိုင်သလို

Menu Key ကိုနှိပ်ပြီး ပြောင်းလဲနိုင်ပါတယ်

အားလုံးကိုကျေးဇူးတင်ပါတယ်​။credit owner'

MediaFire-Download

pCloud-Download

Dropbox-Download

No comments:

Post a Comment