Showing posts with label ဖတ်​စရာ. Show all posts
Showing posts with label ဖတ်​စရာ. Show all posts

Monday, August 1, 2016

IPhone တဆင့်ရောင်းချသူ ဆိုင် သမား များ နှင့်iPhone ၀ယ်မည်သူ့ များ သိရှိစေရန်


ဈေးကွက်အတွင်းရောင်းချနေသော Iphone6S
နှင့် 6S+ များမှာ apple ၏ တရားဝင် အာမခံသက်
တမ်း ကုန်လွန်နေသော ကုန်ခါးနီး နေသော ဖုန်းများ
နှင့် နှစ်လ ခန့်သုံးစွဲထားပြီး သော ဖုန်းများဖြစ်နေ
သည် ကိုတွေ့နေ ရပါသည် ။ မှန်မှန်ကန်
ကန်ရောင်းချနေသော ဆိုင်များ နှင့်သုံးစွဲသူများ မနစ်နာစေရန်သတိထားအပ်သော အကြောင်းအရာ
များကို ဖော်ပြပေးမှာဖြစ်ပါတယ်
ယ္ခုပြထားသော ပုံများတွင် နံပတ် ( ၁ ) ပုံမှာ Sim
card မထဲ့ခင် warranty စစ်ဆေးသောအခါ တွေ့ရ
သည့်အနေအထားဖြစ်ပါသည် ။Brand New အသစ်
များကိုစစ်လျှင် တွေ့ရသည့် " Please activate
your phone " ဟု ပြပါသည် ။
နံပတ် ( ၂ ) ပုံမှာ Sim Card ထည့်ပြီး Activate
လုပ်ပြီး warranty ပြန်စစ်ဆေးသည့်အခါတွင် ဖော်
ပြသည့် စာသားဖြစ်ပါသည် ။ " Please validate
your phone " ဟု ပြပါသည် ။ ပုံမှန်ဖော်ပြရမည်မှာ
warrantyသက်တမ်းကိုဖော်ပြရမည် ဖြစ်သော်လည်း
မူမမှန်သော အနေအထား တစ်ခုကြောင့် ယ္ခုလိုဖော်
ပြခြင်းဖြစ်ပါတယ် ။ ဤနေရမှနေ၍ warranty သက်
တမ်း သိလိုပါက Apple ID နှင့် ဝယ်ယူသည့်ရက်စွဲ
ကိုဆက်ဖြည့်ပါ က
နံပတ် ( ၃ ) ပုံတွင်ပါသည့်အတိုင်း အမှန်တကယ်
ကုန်ဆုံးမည့် သက်တမ်းကိုတွေ့ရမည်ဖြစ်ပါသည် ။
warranty သက်တမ်းကိုကြည့်ပါ က ( ၂ ) လကျော်
ခန့်သုံးစွဲထားသည်ကိုတွေ့ရပါသည် ။ ဈေးနူန်း မှာ
အသစ် နှင့် ကျပ် နှစ်သိန်း ခန့်သက်သာသော အလုံး
များဖြစ်ပါသည် ။ ထို့ထက်သက်တမ်း ပိုသုံးထားသော
အလုံးများဖြစ်ပါ က ( ၂ ) သိန်း ကျော်ပိုသက်သာပါသှ်
ဤအလုံးများကို ဈေးကွက်ထဲတွင် အသစ် များ နှင့်
နှစ်သောင်း ခန့် သာ ခွါပြီး ရောင်းသဖြင့် ဆိုင်သမား
များ မှာ အမြတ်ပို ကျန်သဖြင့် ယင်းအလုံးများ ကိုသာ
ဦးစားပေး ရောင်းချနေသဖြင့် သုံးစွဲသူများ အနေဖြင့်
သတိထား ဝယ်ယူကြပါရန် အသိပေးအပ်ပါသည် ။
၎င်း Iphone များကို ထဲ့သော ဘူးခွံများမှာလည်း
အရည်အသွေးညံ့သဖြင့် အထဲ၌ Accessories ထဲ့
သော အံခွက်များမှာ အလွယ်တကူ ဆွဲခွာ၍ ရသည်
ကို ပုံနံပတ် ( ၄ ) တွင် တွေ့ရမှာဖြစ်ပါတယ် ။
ဖုန်း နှင့်တစ်ပါထည်းပါလာသော USB Cable
Charging Adapter , Earphone များမှာလည်း
လွန်စွာမှ အရည်အသွေးညံ့သော ပစ္စည်းများ ဖြင့်
အစားထိုးထားသဖြင့် တစ်လ နှစ်လ ခန့်သုံးစွဲ ပြီးပါ
က သုံးစားမရအောင်ပျက်စီးကုန်ပါသည် ။
၎င်းIPhone များမှာလည်း အဟောင်းများဖြစ်သ
ဖြင့် တစ်လ ခန့်သုံးစွဲပြီးပါက LCD တုန်ခြင်း မဲခြင်း
Network လိုင်းမတတ်ခြင်း ITune တန်းခြင်း
Software upgrade လုပ်မရခြင်း သုံးစွဲသည့်အခါ
တွင် စက်အရမ်းပူခြင်း ဘတ္ထရီ ကြာရှည်မခံခြင်း စ
သည့် စသည့် errors မျိုးစုံ နှင့်ကြုံတွေ့ရမည်ဖြစ်
ပါသည် ။
ရက်ပေါင်း (၆၀ ) ခန့်သုံးစွဲထားသော IPhone
6S Plus ၏ ShengZheng မြို့ပေါက်ဈေးနူန်းများ
ကို သိရှိစေရန် ပုံနံပတ် (၅) ကို ဖော်ပြပေးလိုက် ပါ
တယ် ။ တရုပ် ယွမ်ငွေ ဈေး ဖြစ်ပြီး မြန်မာကျပ်ငွေ
သိလိုပါက exchange rate ( 0.0057 ) ဖြင့်စား
လိုက်ပါက မြန်မာကျပ်ငွေ ထွက်လာမည် ဖြစ်ပြီး
အသစ် ဈေး နဲ့မည်မျှကွာသည် ကိုတွေ့ရမည်ဖြစ်
ပါသည်
နောက်ဆုံးအနေနဲ့အသိပေးချင်တာကတော့
မည်သည့် Apple devices ကိုမဆို warranty
သက်တမ်း စစ်ဆေးပြီး ဝယ်ယူကြပါရနိလည်း တိုက်
တွန်း အပ်ပါသည် ။
warranty ကို မည်သည့်website တွင်မှမစစ်
ဘဲ Apple ၏ တရားဝင် website link
https://checkcoverage.apple.com/ တွင်သာ
စစ်ဆေးကြည့်ပါရန်
ယ္ခု post သည် မည်သူ့ကိုမျှမရည်ရွယ် ပါ
Apple devices များကိုဈေးကြီးပေးပြီး အဟောင်း
များ မသုံးစွဲမိစေရန်စေတနာ ထားပြီးတင်ပြရခြင်းဖြစ်
ပါတယ် ။

Credit - NAKZ GROUP CO., LTD

Friday, May 27, 2016

အသုံးဝင်​ i phone codeများ

ဖုန်းကုတ်များသည် သိထားသင့်သော အကြောင်းအရာများဖြစ်သည်။ သို့မှသာ
အချိန်တိုအတွင်း လိုချင်သော အချက်အလက်များကို ရှာဖွေနိုင်မည် ဖြစ်သည်။
.
*#06# - IMEI Code ဖော်ခြင်း
.
*3001#12345#* - iPhone Settings , Cell Information နှင့် Network ၏ အကြောင်းအရာများကို ဖော်ထုတ်ပေးမည် ဖြစ်သည်။
.
*#67# - Call Forwarding ဖြင့် iPhone Busy ဖြစ်နေသည့်အချိန်တွင် စစ်ကြည့်ရန်
.
*646# - ကြိုတင်ငွေချေစံနစ်ဖြင့် ပေးချေထားသော အချက်အလက်များထဲမှ ကျန်ရှိသော မိနစ်ကို ကြည့်ရူ့ရန်
.
*225# - ကြိုတင်ငွေချေစံနစ်ဖြင့် ပေးချေထားသော အချက်အလက်များထဲမှ ကျန်ရှိသော ငွေလက်ကျန်စစ်ရန်
.
*777# - ကြိုတင်ငွေချေစံနစ်ဖြင့် ပေးချေထားသော အချက်အလက်များထဲမှ ကျန်ရှိသော အကောင့်ကို စစ်ရန်
.
*#33# - Bar Control ကို စစ်ဆေးရန်နှင့် Enable , Disable ဖြစ်နေသော Setting များကို စစ်ဆေးရန်
.
*#76# - Connected Setting များကို စစ်ဆေးရန် ဖြစ်သည်။
.
*#21# - Call Forwarding Setting များကို ပြင်ဆင်ရန် ဖြစ်သည်။
.
*3282# - အသုံးပြုပုံများကို ဖော်ပြပေးမည် ဖြစ်သည်။
.
*#61# - Miss Calls အရေအတွက်ကို စစ်ဆေးရန် ဖြစ်သည်။
.
*#62# - Phone သည် No Service ဖြစ်နေချိန်တွင် Call Forwarding Number များကို Verify လုပ်နိုင်ရန်အတွက် ဖြစ်သည်။
.

*#3370# - EFR (Enhanced Full Rate) လုပ်ငန်းစဉ်ဖြစ်ပြီး Voice
အရည်အသွေးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးသည့်
လုပ်ဆောင်ချက်ဖြစ်သည်။ သို့သော် Battery အား ပိုမို ကုန်ကျမည် ဖြစ်သည်။
.
*#5005*7672# - SMS Center ကို စစ်ဆေးရန် ဖြစ်သည်။
.
*331* - Network Operator ကို ဆက်သွယ်ရန် ဖြစ်သည်။
.
*#43# - Call Waiting Status ကို ဖော်ပြပေးမည် ဖြစ်သည်။
.
*43# - Activate waiting လုပ်ရန်အတွက်ဖြစ်သည်
.
#43#- Deactivate waiting လုပ်ရန်အတွက်ဖြစ်သည်
.
*#31# - Phone Nunber ဖျောက်ရန်အတွက် ဖြစ်သည်။
.
.
25-5-2016
တကိုယ်တော်သိုင်းသမား
ကိုရီချင်
.
.
ကျေးဇူးပြုပြီး Page ကိုလည်း Share ခြင်းအားဖြင့်
ပညာဒါနမျှဝေပေးပါဦး......ခင်ဗျာ.