Saturday, May 28, 2016

Android ဖုန်းတွေမှာ အဖြစ်များတဲ့ Google Playstore Error Code များနဲ့ ဖြေရှင်းနည်းများ

Android ဖုန်းတွေမှာ အဖြစ်များတဲ့ Google Playstore Error Code များနဲ့ ဖြေရှင်းနည်းများ
****************************************************************

ကိုယ်က Playstore က appliction ၁ခု download လုပ်တဲ့အချိန် Error message တွေ ကျလာပြီး Download လုပ်လို့မရတဲ့ အဖြစ်မျိုး စိတ်ပျက်စရာကောင်းပါတယ်

ဒီလိုအဖြစ်မျိုးဖြစ်ရင်အောက်က Error Code နဲ့တိုက်ပြီး ဖြေရှင်းနည်းအတိုင်းဖြေရှင်းနိုင်ပါတယ်။

1.   Google Playstore Error DF-BPA-09 (Error Processing Purchase)
***************************************************

ဒီErrorက applicationတခုကိုDownload လုပ်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။

ဖြေရှင်းနည်း ။ ။ ဖုန်း Settings > Application > All > Google Service Framework > Clear Data လုပ်ပေးလိုက်ပါ။ အဆင်ပြေပါစေ...

********************************************************

2.   Google Play Store Error Code 194
**********************************

ဒီErrorကလဲGameတို့ Application တို့download လုပ်တဲ့ အချိန်အဖြစ်များပါတယ်။

ဖြေရှင်းနည်း ။ ။ ဖုန်း Settings > Applications > All > Google Play Store > Force Stop ပြီးရင် Clear Data လုပ်ပါ။

ပြီးရင်Google Service Framework > Clear Dataလုပ်လိုက်ပါ။အဆင်ပြေပါစေ...

********************************************************

4.   Google Play Store Error Code 941
********************************

ဒီ Errorက Google Playstore ကို update လုပ်နေစဉ်နဲ့ လုပ်ပြီးအဖြစ်များပါတယ်

ဖြေရှင်းနည်း ။ ။ ဖုန်းSettings > Apps > All > Google Playstore နဲ့ Download Manager ကို Clear Data and Clear Cacheလုပ်ပြီး မှ Update ပြန်လုပ်ကြည့်ပါ။အဆင်ပြေပါစေ....

********************************************************

5.   Google Play Store Error Code rh01
****************************************

ဒီ Error ကတော့ account server နဲ့ ချိတ်ဆက်တဲ့အချိန်တက်တဲ့ errorမျိုးပါ။

ဖြေရှင်းနည်း ၁ ။ ။ ဖုန်းsettings > Apps > All > Google Play Store နဲ့ Google Service Framework ကို Clear data နဲ့ Clear cacheလုပ်ပါ။

ဖြေရှင်းနည်း ၂ ။ ။ Gmail account ကိုဖုန်းထဲမှ remove လုပ်ပါ ပြီးလျှင်ဖုန်းကို restartလုပ်ပြီး ပြန်တက်လာပါက Gmail account ကို Sign in လုပ်ပေးလိုက်ပါ။အဆင်ပြေပါစေ...

********************************************************

6.   Google Play Store Error Code rpc:s-5:aec-0
******************************************

ဒီ Error ကတော့ account server နဲ့ ချိတ်ဆက်တဲ့အချိန်တက်တဲ့ errorမျိုးပါ။

ဖြေရှင်းနည်း ။ ။ ဖုန်းSettings > Apps > All > Google Play Store > Clear Cache နဲ့ Uninstall Updatesလုပ်ပေးပါ။ Download Manager နဲ့ Google Service Framework ကိုတော့ Clear Cache ပဲလုပ်လိုက်ပါ။အဆင်ပြေပါစေ...

********************************************************

7.   Google Play Store Error Code 504
***********************************

ုဒီerror ကApp could not be downloaded due to an error နဲ့ အတူတူပါပဲ။

ဖြေရှင်းနည်း ။ ။ ဖုန်းSettings > Apps > All > Google Play Store နဲ့ Google Services Framework ကို Clear data and Clear Cache လုပ်လိုက်ပါ။ error ဆက်တက်နေပါက gmail account ကို remove လုပ်ပြီး ပြန်sign in လုပ်ကြည့်ပါ။အဆင်ပြေပါစေ...

********************************************************

8.   Google Play Store Error Code 491
**********************************

ဒီError ကို Download and update impossible ဖြစ်တဲ့ error လို့သတ်မှတ်နိုင်ပါတယ်။

ဖြေရှင်းနည်း ။ ။ Gmail Account ကို Remove လုပ်ပြီး ဖုန်းကိုrestartလုပ်ပါ။ စက်ပြန်တက်လာတာနဲ့ account ကို sign in ပြန်လုပ်ပေးလိုက်ပါ။အဆင်ပြေပါစေ...

********************************************************

9.   Google Play Store Error Code 498
************************************

ဒီ Error ကိုတော့ Interruption Of Downloads လိုခေါ့်ပါတယ်။Download လုပ်နေရင်းနဲ့ မကြာခဏတက်တဲ့ errorပါ။

ဖြေရှင်းနည်း ၁ ။ ။ ဖုန်းထဲမှာ Cache file တွေပြည့်နေရင်ဖြစ်တတ်ပါတယ်။ သိပ်မသုံးတဲ့ application နဲ့ မလိုတဲ့ file တွေကိုဖျက်လိုက်ရင်အစဉ်ပြေနိုင်ပါတယ်။

ဖြေရှင်းနည်း ၂ ။ ။ ဖုန်းကို power ပိတ်လိုက်ပါ ပြီးရင် Recovery mode ထဲကို Volume Down+Power+Home buttonတွေနှိပ်ပြီး ဝင်လိုက်ပါ။ Recocery Mode မှာ Optionsတွေအများကြီးရှိပါတယ် ရှိတဲ့ optionsတွေထဲက Wipe Cache Partition ကို Volume buttonနဲ့သွားပြီး power keyနဲ့ selectလုပ်လိုက်ယုံပါပဲ။အဆင်ပြောပါစေ...

********************************************************

10.   Google Play Store Error Code 919
************************************

ဒီErrorကတော့ applicationကို download လုပ်လို့တော့ရမယ် ဒါပေမဲ့Download လုပ်ပြီး Runလို့မရတဲ့errorမျိုးပါ။

ဖြေရှင်းနည်း ။ ။ ရိုးရှင်းပါတယ် သင့်ဖုန်းရဲ့Storage ပြည့်နေပြီဆိုတာ သိလိုက်ပါတော့ ဒီတော့ မလိုအပ်တဲ့ data fileတွေကို ဖျက်တာတို့ Sdcardထဲ move လုပ်လိုက်တာတို့ လုပ်လိုက်ယုံပါပဲ။အဆင်ပြေပါစေ...

********************************************************

11.   Google Play Store Error Code 921
************************************

ဒီErrorကတော့ aplicationတွေ download လုပ်ခါနီးမှာ အဖြစ်များတဲ့ error ပါ။

ဖြေရှင်းနည်း ။ ။ Google Play Store ကို Clear data / Clear Cache လုပ်လိုက်ပါ။ပြီးရင် gmail account ကို removeလုပ်ပါ။ ဖုန်းကို Restart လုပ်ပြီး ပြန်တက်လာမှ Account ကို sign in လုပ်ပါ။အဆင်ပြေပါစေ...

********************************************************

12.   Google Play Store Error Code 923
************************************

ဒီError ကတော့ Sync ပိုင်းနဲ့ ပတ်သတ်နေပြီး cache memory မလုံလောက်ရင်ဖြစ်တာများပါတယ်။

ဖြေရှင်းနည်း ။ ။ ပထမဆုံး gmail accout ကို remove လုပ်လိုက်ပါ ပြီးရင် စက်ထဲက မလိုပဲ memory စားနေတဲ့ application တွေ ကို uninstall လုပ်လိုက်ပါ။ ပြီးမှ recocery mode ထဲ သွားပြီး Wipe Cache partition ကိုရွေးပေးလိုက်ပါ။ စက်ပြန်တက်လာရင်တော့ gmail sign in လုပ်လိုက်ယုံပါပဲ။အဆင်ပြေပါစေ...

********************************************************

13.   Google Play Store Error Code 101
*************************************

ဒီErrorကတော့ ဖုန်းstorage memory မလောက်တဲ့အတွက်အဖြစ်များပါတယ်။

ဖြေရှင်းနည်း ။ ။ မသုံးတဲ့ applicationတို့ Dataတို့ကို Sdcard ထဲ့ပြောင်းတာတို့ delete / uninstall လုပ်လိုက်ယုံပါပဲ။အဆင်ပြေပါစေ...

********************************************************

14.   Google Play Store Error Code 481
************************************

ဒီ Error ကတော့ Google Play Store Account Error လို့ခေါ်ပါတယ်။Gmail errorလို့လဲ ခေါ်ပါတယ်။

ဖြေရှင်းနည်း ။ ။ Gmail account ကို remove လုပ်ပြီး အခြား account တခုနဲ့ sign in ဝင်လိုက်ပါ။အဆင်ပြေပါစေ...

********************************************************

15.   Google Play Store Error Code RPC:S-3
****************************************

ဒီ Errorကတော့ application downlaod လုပ်လို့မရတဲ့ error အမျိုးစားထဲပါပါတယ်။

ဖြေရှင်းနည်း ။ ။ Gmail Account ကို remove လုပ်ပြီး တခြား account နဲ့ sign in လုပ်လိုက်ရင် အဆင်ပြေပါတယ်။

********************************************************

အပေါ်မှာပေးထားတဲ့ Error Code တွေကတော့ XDA FORUM မှာ DISCUSSION လုပ်တာအများဆုံးနဲ့ အဆင်ပြေတဲ့ CODE တွေဖြစ်ပြီး တင်ပေးထားတာပါ။

Credit: #pcandandroidtipsandtricks (Blog)

Iobit Protected Folder Pro 2MB

Iobit Protected Folder Pro 2MB

ကွန်ပျူတာမှာ ဖိုင်လေးတွေ ဖွက်ထားချင်တဲ့ သူငယ်ချင်းတွေအတွက်
Iobit Protected Folder Pro လေးမျှဝေပေးလိုက်ပါတယ် 
ဖိုင်ဆိုဒ်သေးသေးလေးနဲ့ ဖိုင်တွေကို အလွယ်ကူ  Protected  လုပ်နိုင်ပါတယ်ဗျာ

license code : C89C4-B3967-22651-99EB9

Download

Credit-​နေမင်း​မောင်
နေမင်း​မောင်​ဆိုဒ်​သို့သွားချင်​ရင်

Call Record V3.14

ဖုန်းအသံသွင်းချင်တာဖြစ်ဖြစ် ဖုန်းပြောရင်း ပြောထားသမျှကို အသံသွင်းချင်တာဖြစ်ဖြစ် ပြုလုပ်ချင်တဲ့ သူငယ်ချင်းတွေအတွက်
သုံးရတာ အဆင်ပြေလို့ တင်ပေးလိုက်ပါတယ် သုံးမယ်ဆို အောက်ကလိပ်စာမှာ ဒေါင်းယူနိုင်ပါတယ်ဗျာ။
Credit-​နေမင်း​မောင်

Download
Or
Download

နေမင်း​မောင်​siteသို့သွားချင်​ရင်

ကဲလာပါပြီ FL Studio Mobile Android Application

လက်ရှိ Studio ခန်းတွေမှာ ကွန်ပြူတာနဲ့ သုံးနေတဲ့ Fl Studio ကို အခုပဲ Mobile ဖုန်းမှာသုံးကြပါစို့။
တူရိယာပေါင်းစုံပါဝင်ပါတယ်။
အဆင်ပြေပြေ တတ်မြောက်သွားရင်တော့ သင်ကိုယ်တိုင် သီချင်းရေး ဒီဆော့ဝဲလ်နဲ့ ပရော်ဖက်ရှင်နယ် တီးလုံး အသံ တွေနဲ့ သင့်ရဲ့ သီချင်းကို ဆိုပြီး တေးစီးရီး ထုတ်နိုင်ပါပြီ။
အစောကတည်းက ကြေငြာထားခြင်းမို့
ထွေထွေထူးထူး မရှင်းပြတော့ပါဘူး ။
Version နိမ့်ပေမယ့် အဆင်ပြေလောက်မယ်ထင်ပါတယ်။
ဖိုင်က .7z ဖိုင်ပါ။250MB ရှိပါတယ်။
လုံးဝ အသုံးပြု၍ ရကြောင်း အာမခံပါတယ်. . .။

Download

မူရင်းပိုင်ရှင်ကို C ပေးပါတယ်။

Bhone Myint Myat Aung(BH CIRCLE GROUP)

Knowledge Box Android Application

BMP IDE သာမရှိခဲ့ရင် ဒီ Application လေးဖြစ်လာမှာမဟုတ်ပါဘူး
Computer လုံးဝမသုံးဘဲ ဖုန်းနဲ့ပဲ ရေးရတဲ့အတွက်
ပြင်လိုက် ဖျက်လိုက် နဲ့ တော်တော်ကိုကြာနေပါပြီ
ပထမတော့ ကိုယ်သုံးဖို့ရည်ရွယ်ပြီး စမ်းသပ်ရေးကြည့်ခဲ့တာပါ
Knowledge Box ( For Computer ) ထွက်ကတည်းက ဖုန်းပေါ်ကနေပဲ ဖတ်လို့ရအောင်ရေးပေးမယ့်သူရှိရင် ကောင်းမှာပဲ ဆိုတဲ့စိတ်ကူးလေး ကူးမိခဲ့တာပါ 
ဒီ Application လေးထဲမှာ Computerဆိုင်ရာ,Mobile ဆိုင်ရာ, အခြား IT ဗဟုသုတများနဲ့ ကျော်ကြားသူတစ်ချို့ရဲ့ အတ္ထုပတ္တိအကျဉ်း စတဲ့ အကြောင်းအရာဗဟုသုတပေါင်း
၂၄၅ ခု ပါ ပါတယ်
Text ဖိုင်က အရမ်းများတဲ့အတွက် သေချာပြန်မစီနိုင်ခဲ့ပါဘူး
တကယ်လို့ ဒီ Application နဲ့ပတ်သက်ပြီး အပြစ်တင်စရာရှိရင် ကျွန်တော့ကိုသာ အပြစ်တင်ပါ
လိုအပ်တယ် Share သင့်တယ်လို့ယူဆရင် သူငယ်ချင်းတွေကို တဆင့်မျှဝေပေးပါ

ဒီ Application လေး ဖြစ်လာခဲ့တဲ့အတွက်
ပထမဆုံးအနေနဲ့ BMP IDE ကို ဖန်တီးပေးခဲ့တဲ့ Ko Nyi Nyi Lwin နဲ့ ညီလေးHtoo Phyoe ကို ကျေးဇူးတင်ပါတယ်
နောက် Knowledge Box ( For Computer ) ကို ဖန်တီးခဲ့တဲ့ ညီလေးNyi Nyi Aung( Harris ) ကိုလဲ text ဖိုင်တွေ အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
နောက် ဒီထဲက Text ဖိုင်အများစုက ၀င်းကမ္ဘာကျော်ဆိုဒ်က ယူထားတာဖြစ်တဲ့အတွက်
ကိုကြီး Win Kabarkyawကိုလဲ ကျေးဇူးတင်ပါတယ်
နောက် မသိတာရှိလို့မေးတိုင်း စိတ်ရှည်ရှည်ရှင်းပြပေးကြတဲ့ ညီလေးတွေဖြစ်တဲ့ Shine Min Khant , Aunt Htoo Aung, Aung Ko နဲ့ Thu Ya တို့အပါအ၀င် BMP ဆိုင်ရာ မေးမြန်းနိုင်သော ဂရု မှ ၀ါသနာတူ Member တွေကိုလဲ ကျေးဇူးတင်ပါတယ်
ကွန်ပြူတာဆိုင်ရာ မေးမြန်းနိုင်သော ဂရု က မှတ်ထားသင့်တဲ့ Comment တွေကိုမှတ်သားပြီး ပြန်ထည့်ထားတာမို့ Orginal Comment ပိုင်ရှင်များ နဲ့ Member များကို ကျေးဇူးတင်ပါတယ် Credit လဲ ပေးပါတယ်
နောက်ဆုံးအနေနဲ့ ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါတယ်

ဒေါင်းမရဘူး ပြောမှာစိုးလို့

လင့်တွေခွဲပြီးတင်ပေးထားပါတယ်

လှလှပပ ဒီဇိုင်းမဆွဲတတ်လို့ 

ရိုးရိုးလေးပဲ လုပ်လိုက်ပါတယ်

အကြောင်းအရာပြောင်းလဲဖတ်ရှုရန်အတွက်

App အပေါ်ဘက်မှာထည့်ထားတဲ့

icon လေးတွေကိုနှိပ်ပြီး ပြောင်းနိုင်သလို

Menu Key ကိုနှိပ်ပြီး ပြောင်းလဲနိုင်ပါတယ်

အားလုံးကိုကျေးဇူးတင်ပါတယ်​။credit owner'

MediaFire-Download

pCloud-Download

Dropbox-Download

Friday, May 27, 2016

အသုံးဝင်​ i phone codeများ

ဖုန်းကုတ်များသည် သိထားသင့်သော အကြောင်းအရာများဖြစ်သည်။ သို့မှသာ
အချိန်တိုအတွင်း လိုချင်သော အချက်အလက်များကို ရှာဖွေနိုင်မည် ဖြစ်သည်။
.
*#06# - IMEI Code ဖော်ခြင်း
.
*3001#12345#* - iPhone Settings , Cell Information နှင့် Network ၏ အကြောင်းအရာများကို ဖော်ထုတ်ပေးမည် ဖြစ်သည်။
.
*#67# - Call Forwarding ဖြင့် iPhone Busy ဖြစ်နေသည့်အချိန်တွင် စစ်ကြည့်ရန်
.
*646# - ကြိုတင်ငွေချေစံနစ်ဖြင့် ပေးချေထားသော အချက်အလက်များထဲမှ ကျန်ရှိသော မိနစ်ကို ကြည့်ရူ့ရန်
.
*225# - ကြိုတင်ငွေချေစံနစ်ဖြင့် ပေးချေထားသော အချက်အလက်များထဲမှ ကျန်ရှိသော ငွေလက်ကျန်စစ်ရန်
.
*777# - ကြိုတင်ငွေချေစံနစ်ဖြင့် ပေးချေထားသော အချက်အလက်များထဲမှ ကျန်ရှိသော အကောင့်ကို စစ်ရန်
.
*#33# - Bar Control ကို စစ်ဆေးရန်နှင့် Enable , Disable ဖြစ်နေသော Setting များကို စစ်ဆေးရန်
.
*#76# - Connected Setting များကို စစ်ဆေးရန် ဖြစ်သည်။
.
*#21# - Call Forwarding Setting များကို ပြင်ဆင်ရန် ဖြစ်သည်။
.
*3282# - အသုံးပြုပုံများကို ဖော်ပြပေးမည် ဖြစ်သည်။
.
*#61# - Miss Calls အရေအတွက်ကို စစ်ဆေးရန် ဖြစ်သည်။
.
*#62# - Phone သည် No Service ဖြစ်နေချိန်တွင် Call Forwarding Number များကို Verify လုပ်နိုင်ရန်အတွက် ဖြစ်သည်။
.

*#3370# - EFR (Enhanced Full Rate) လုပ်ငန်းစဉ်ဖြစ်ပြီး Voice
အရည်အသွေးကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးသည့်
လုပ်ဆောင်ချက်ဖြစ်သည်။ သို့သော် Battery အား ပိုမို ကုန်ကျမည် ဖြစ်သည်။
.
*#5005*7672# - SMS Center ကို စစ်ဆေးရန် ဖြစ်သည်။
.
*331* - Network Operator ကို ဆက်သွယ်ရန် ဖြစ်သည်။
.
*#43# - Call Waiting Status ကို ဖော်ပြပေးမည် ဖြစ်သည်။
.
*43# - Activate waiting လုပ်ရန်အတွက်ဖြစ်သည်
.
#43#- Deactivate waiting လုပ်ရန်အတွက်ဖြစ်သည်
.
*#31# - Phone Nunber ဖျောက်ရန်အတွက် ဖြစ်သည်။
.
.
25-5-2016
တကိုယ်တော်သိုင်းသမား
ကိုရီချင်
.
.
ကျေးဇူးပြုပြီး Page ကိုလည်း Share ခြင်းအားဖြင့်
ပညာဒါနမျှဝေပေးပါဦး......ခင်ဗျာ.

Viber​နောက်​ဆုံးဗားရှင်း


May 5, 2016 at 5:44AM ကမှ ထွက်ရှိထားတဲ့ Viber နောက်ဆုံးထွက်လေးပါ။

ညွှန်းပြစရာတော့ မလိုတော့ဘူးနော်...။

Download သာချလိုက်ပါတော့ဗျာ...။
Credit-chan myae aung

ဒီမှာ​ဒေါင်းပါ- Download